Part 2

47.1K 4.1K 364
                                    

[ Unicode ]

တစ်လောကလုံးကလူတွေ
ဘယ်လိုပဲလက်ညှိုးထိုးကြပါစေ။
အဲ့ဒီသူဟာ မောင် မဖြစ်သရွေ့
ငါ့အတွက် အဆင်ပြေတယ်...။
အကယ်၍များ....
သူတို့အပုတ်ချတဲ့လူဟာ
မောင် ဖြစ်နေခဲ့ရင်တော့...
ဖြစ်သင့်တာ ငါပါလို့
ငါ့ကိုပဲ အပြစ်ပြောကြပါလို့..
ပျော်ပျော်ကြီးစတေးခံပစ်ဉီးမယ်...။
________________________


ပြတင်းမှန်ကိုဖြတ်ကာ မျက်လုံးကိုလာထိုးတဲ့ စူးရှရှနေရောင်ကြောင့် လေးပင်နေသေးတဲ့မြင်လွှာတို့ကို ပွင့်ဖို့ အလုပ်ပေးရသည် ။

" ကျစ်! "

ကိုက်ခဲနေတဲ့နားထင်ကို လက်မနဲ့အသာဖိပြီး ရောက်နေတဲ့အရပ်ကိုလေ့လာလိုက်တော့ အဖြူရောင်မျက်နှာကျက်၊ တွဲကျနေတဲ့မီးဆိုင်းနဲ့ မှန်ကိုတစွန်းတစ်စ ကာထားတဲ့လိုက်ကာရှည် ။

တဖြေးဖြေးချင်းစဉ်းစားမှ မနေ့ညက ရိပ်ရောင်နဲ့ ရန်ဖြစ်ခဲ့တာကိုသတိရသည်။ ညဉ့်နက်ပိုင်းအထိ သုပိုင်တို့နဲ့အသောက်လွန်ကာ အိမ်မပြန်ချင်သော လက်ယာကို သုပိုင်တို့ကပဲ ဟိုတယ်ကိုပို့ခဲ့ဟန်တူ၏။

ဘေးစားပွဲပေါ်က ဖုန်းကိုယူကာ Power ဖွင့်လိုက်တော့ "ကိုကို"ဆိုတဲ့ Contact Name နဲ့ Missed call ပေါင်းများစွာသည် ဆီးကြိုလျက် ။ နောက်ဆုံး Call logအရ မနက်မိုးလင်းပိုင်းအထိ ဖုန်းဆက်တိုက်ခေါ်ခဲ့ပုံပဲ။ စိတ်ရှုပ်စွာနဲ့ Contact Name ဖျက်ပြီးမှ တစ်ခါတည်း Block ပစ်လိုက်သည်။

နာရီကိုကြည့်တော့ ရှစ်နာရီထိုးလုပြီမို့ ဖုန်းကိုချကာ ရေချိုးခန်းထဲဝင်ရသည်။ မနေ့ညက အဝတ်ဟောင်းတွေကိုပဲပြန်ဝတ်ပြီး ကားသော့ဆွဲကာ ထွက်ခဲ့တော့ ဉီးတည်မိရာနေရာက တိုက်ခန်းသို့ ။

အလွတ်ရနေတဲ့ Password ကို ရိုက်ကာ အခန်းထဲဝင်ခဲ့၏ ။ ထင်ထားသည်နှင့် ကွဲပြားစွာ ရနေကျအငွေ့အသက်တို့မရှိ၍ အခန်းကတိတ်ဆိတ်နေသယောင်...။

" ဟက်!အခုမှ အစပဲရှိသေးတာလေ၊ ကိုကိုက ကြောက်ပြီးပြေးသွားပြီလား "

အသက်မပါလှတဲ့ခြောက်ကပ်ကပ်ရယ်သံက အလုံခန်းအတွင်းဝယ် ပဲ့တင်ထွက်နေသည် ။ ကုတင်ပေါ်မှာ တင်ထားတဲ့ အနောက်တိုင်းဝတ်စုံဆီအကြည့်ရောက်မိတော့ ထူထဲလှတဲ့ မျက်ခုံးနှစ်ဖက်က ထိလုမတတ်ချိုးကျသွားသည်။ ဘာလဲ!! ဝတ်ဖို့ဝတ်စုံကို ထုတ်ပေးထားခဲ့သေးတာလား!!ရိပ်ရောင်ထုတ်ပေးခဲ့တဲ့ အဖြူရောင်အင်္ကျီလက်ရှည်နဲ့ အနက်ရောင်ကုတ်သည် ကြက်သွေးရောင်နက်ခ်တိုင်နှင့် ပနံသင့်စွာ။

မောင့် အလိုကျ [Completed]Where stories live. Discover now