Part 21

39.5K 2.8K 285
                                    

[ Unicode ]

   
ချစ်တယ်။
ငါမင်းကို ချစ်ပါတယ် ။
__________________

" ကဗျာချို! မင်းဘယ်ကိုမောင်းနေတာလဲ!ကားကို အခုရပ်လိုက်! "

ကားဉီးတည်ရာလမ်းကြောင်းက မြို့ပြင်ဘက်ဖြစ်နေသည်မို့ ရိပ်ရောင် တားလိုက်သော်လည်းမရတော့ ။ ညစ်ကျယ်ကျယ်အပြုံးကိုပြုံးကာ လီဗာကိုအစွမ်းကုန်နင်းလိုက်ပြီး တဖြည်းဖြည်းနဲ့ ကားလေးက လူနေအိမ်တွေနဲ့ဝေးရာဆီရောက်သွားသည် ။

" ရပ်လိုက်လို့ပြောနေတယ်လေ! "

Steering ကိုဆွဲကိုင်တားလိုက်တော့ နှစ်ယောက်လုံးယိမ်းယိုင်သွားကာ ပြီးမှ လမ်းကြောင်းပြန်တည့်သွား၏။

" တောက်! မသေချင်ရင် အသာငြိမ်နေ ၊ သေရွာပို့ဖို့ ဝန်မလေးဘူးနော် "

ကြောက်လို့တော့မဟုတ်ပေမဲ့ စိတ်ထင်ရာစိုင်းမည့်ဟန်ကြောင့် ရိပ်ရောင်လည်း အသာငြိမ်နေလိုက်ရသည်။ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး ဇေသုတဆီဆက်သွယ်ဖို့ ကြိုးစားလိုက်သော်လည်း...

" မင်း! ဘာလုပ်လိုက်တာလဲ! "

ပိုပြီးလက်သွက်တဲ့ကဗျာချိုက ရိပ်ရောင်လက်ထဲကဖုန်းကိုဆွဲယူကာ တစ်ဆက်တည်းမှန်အပြင်ဘက်ဆီလွှင့်ပစ်လိုက်သည်။

" ငြိမ်ငြိမ်နေလို့ ငါ​ပြောထားတယ်လေ နင့်လင်ဆီကိုဆက်ဖို့စဉ်းစားမနေနဲ့ "

လှည့်ကွက်တွေများတဲ့ မြေခွေးတစ်ကောင်လိုပါပဲ။ သူမက နားလည်ရသိပ်ခက်တယ်။

နောက်ဆုံးရပ်သွားတဲ့နေရာက ရေနံတွေဝနေအောင်သုတ်ထားတဲ့ အိမ်အိုကြီးဆီ ။ အတော်လေးသံချေးတက်ပြီး ဟောင်းနေတဲ့ သံပန်းတံခါးကြီးရှေ့မှာ ဟွန်းတီးလိုက်တော့ အသင့်စောင့်နေဟန်တူတဲ့ ထွားထွားကျိုင်းကျိုင်းလူသုံးယောက်ထွက်လာသည် ။

" ဆင်း "

လူအင်အားဘယ်လိုမှမမျှတာမလို့ အခုချိန်မှာ အလိုက်တသင့်နေဖို့ ဆုံးဖြတ်လိုက်သည် ။ လွယ်လွယ်လေးလျှော့တွေးမိခဲ့တာမလို့ နောင်တရမိသော်လည်း လာမည့်ဘေးရင်ဆိုင်ရုံသာရှိတော့သည်။ ပြီးတော့ ကဗျာချိုရဲ့ရည်ရွယ်ချက်ကိုလည်း ရိပ်ရောင်သေချာမသိသေးပေ။ မောင့်ကိုလိုချင်တာလား။ ဒါမှမဟုတ် ရိပ်ရောင်ကိုထိခိုက်စေချင်တာလား ။

မောင့် အလိုကျ [Completed]Where stories live. Discover now