Part 17

38.6K 2.9K 308
                                    

[ Unicode ]

တစ်ခြားသူဆီ ငြိတွယ်လို့
ကိုယ့်ရင်ကို ခြေစုံကန်မယ့်
ပိုင်ရှင်ရှိ ပစ္စည်းလေးကိုမှ
နာကျင်မယ်မှန်း သိလျက်နဲ့
ဒီလူဟာ အချစ်တွေပေးနေမိမြဲပါလားကွယ်...။
_____________________

စားပွဲခုံကိုအလယ်မှာထား၍ တစ်ဖက်စီက ဆိုဖာပေါ်တွင် လူနှစ်ယောက် မျက်နှာချင်းဆိုင်အနေအထား ထိုင်နေကြသည် ။ အသားဖြူဖြူနဲ့ကောင်လေးက စားပွဲပေါ်က အေးတိအေးစက်ကော်ဖီကို အဓိပ္ပါယ်မဲ့စွာကြည့်နေ၏။ ကျန်တစ်ယောက်ကမူ ထိုကောင်လေးရဲ့လှုပ်ရှားမှုတွေအားလုံးကို နားလည်ဖို့ ကြိုးစားနေရှာသည်။

အချိန်အနည်းငယ်ကြာမှ စကားစလာသူက အခြေအနေကိုအကဲခတ်နေတဲ့ စိုင်း ။

"အကို ဘာလို့ကျွန်တော်နဲ့ တွဲဖို့ပြောရတာလဲ"

ရိပ်ရောင်ကိုရည်ရွယ်ပြီး ပြောလိုက်ပေမဲ့ စိုင်းရဲ့မျက်လုံးတွေကမူ ရိပ်ရောင်ကိုကြည့်မနေပါ။ တစ်ခြားနေရာဆီကို အကြည့်ပို့ထားသလို အားမပါတဲ့ လေသံဖျော့ဖျော့နဲ့ဆိုလာသည်။

" ငါ.. "

" ..ဒါက အကို လက်ယာမောင်ကို ခံစားတတ်အောင်သင်ပေးတဲ့နည်းလမ်းတွေထဲက တစ်ခုပဲလား "

မျက်နှာကိုစေ့စေ့ကြည့်လာကာ ဒေါသထွက်တဲ့အရိပ်အယောင်မပြပေမဲ့ ပုံမှန်အသံနဲ့ပြောနေခြင်းက ပိုပြီးထိတ်လန့်ဖို့ကောင်းနေသည် ။ အားနာစွာပင် ပြန်ကြည့်လိုက်မိပါသည် ။ အကြည့်ကိုအဓိပ္ပါယ်ဖော်ပါက အားနာခြင်းနဲ့အတူ တောင်းပန်မှုတွေလည်း ပါလိမ့်မည် ။

" ငါတောင်းပန်ပါတယ် ၊ ငါ့ကျေးဇူးရှင်ကို ဒီလိုလုပ်ဖို့ ငါမတွေးခဲ့သင့်ဘူး "

ထိုစကားက စိုင်းညိုသွေးကို စိတ်တိုသွားစေမယ်ဆိုတာသိခဲ့ရင် ရိပ်ရောင်ပြောခဲ့မိမှာမဟုတ်ဘူး။

" အကို! "

ဒေါသတကြီးအော်လိုက်တာကြောင့် လန့်ဖြန့်သွားသည်နှင့်အတူ ခေါင်းက်ိုသာ မဝံ့မရဲ ငုံ့မိသည်။

" ကျေးဇူးတရားဆိုတဲ့ကြိုးနဲ့ ကျွန်တော် အကို့ကိုချည်နှောင်မထားချင်ဘူး ၊ အကို ကျွန်တော့်ကို အသုံးလိုတယ်မဟုတ်လား ၊ အသုံးချလိုက်ပါ ၊ ကျွန်တော့်ကြောင့်နဲ့ အကိုစိတ်ချမ်းသာမယ်ဆိုရင် အဲ့ဒါက အကို့တောင်းဆိုမှုမပါခဲ့ရင်တောင် ကျွန်တော် ရွေးချယ်မယ့်လမ်းပဲ အကို...."

မောင့် အလိုကျ [Completed]Where stories live. Discover now