Part 4

41.1K 3.9K 387
                                    

[ Unicode ]

ကိုယ့်ကြောင့်နဲ့
သက်ဆိုင်သူလေး အနေရမခက်စေချင်တာ
ကိုယ့်စေတနာပါကွယ်....။
_____________

" မောင်..ငါ့ကိုထားမသွားပါနဲ့နော် ၊ မောင်.. "

မိုးသံကြားက ခပ်သဲ့သဲ့ငြီးသံကြောင့် အိပ်မပျော်သေးဘဲဆိုဖာပေါ်မှာထိုင်နေတဲ့ လက်ယာ.. နားကိုတိုးလို့စွင့်ထားလိုက်သည် ။

" မောင်....မောင်.."

နေမကောင်းဖြစ်ရင် ယောင်တတ်တဲ့ ကိုကို့အကျင့်သည် အခုထိပျောက်မသွားသေး ။ တစာစာအော်နေတဲ့ အသံသေးလေးအဆုံးမှာ မနေနနိုင်တော့သည့်အဆုံး ဖြစ်ချင်ရာဖြစ်သဘောပိုက်၍ လော့ချမထားသော အခန်းထဲ လွယ်လင့်တကူပင်ဝင်လာခဲ့၏ ။

ကုတင်ထက်က ဖျော့တော့တော့ကိုယ်ငယ်လေးသည် အဖျားရှိန်ကြောင့် လက်ဖျားခြေဖျားလေးများအနည်းငယ်ရဲတက်နေသည် ။ တစ်စုံတစ်ခုကို လွတ်ထွက်သွားမှာ စိုးသည့်အလား လက်ချောင်းများဖြင့် အိပ်ယာခင်းအား ဆွဲကိုင်လျက် နေမကောင်းသူအကြင်သူသည် "မောင်"ဟူသောစကားလုံးကိုသာ ဂါထာရွတ်သလို တသသရွတ်နေ၏ ။ သွေးတို့ဖြူဆုတ်နေ၍ နဖူးစပ်တွင်ချွေးသီးများတွဲခိုနေသည့် မျက်နှာနုနုကိုမြင်သည်တွင် နှလုံးသားရဲ့သတိပေးချက်အရ ခန္ဓာရဲ့ မသိစိတ်အစိတ်အပိုင်းက နဖူးပေါ် လက်တင်လိုက်မိသည် ။

" အင်း မောင်ရှိတယ်နော် "

ဝဲကျနေတဲ့ ဆံသားတို့ကိုပင့်သပ်ပေးကာ ကုတင်စွန်းတွင်ဝင်ထိုင်ရင်း လက်ချောင်းနုနုလေးများကို ဆုပ်ကိုင်လိုက်သည် ။ လက်ထိပ်ကလေးများ နီနေခြင်းသည် တနေ့က လက်ယာ အားနဲ့ပြုမိ၍လားဟု ထင်မိတော့လည်း စိတ်မကောင်းပါ ။

တကယ်ဆို ကိုကိုသာ လက်ယာ ကိုလက်မထပ်ခဲ့ရင် ၊ မိဘတွေစီစဉ်တာကို ကိုကိုသာ ခေါင်းခါပြီးငြင်းခဲ့မယ်ဆိုရင် ဒီလိုအခြေအနေတွေက ဖြစ်လာစရာအကြောင်းမရှိ ။ လက်ယာကလည်း ကိုကို့ကိုသိပ်ချစ်တဲ့ ညီလေးအဖြစ်နဲ့ ရှိနေဉီးမှာလေ..။

အခြေအနေကို အသိပြန်ဝင်တော့ ကိုင်ဆွဲထားတဲ့လက်ကို ရုတ်ချည်းလွှတ်ချလိုက်သည် ။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေပေးမိလို့ ဖြစ်လာမယ့်နောက်ဆက်တွဲတွေကို လက်ယာ တာဝန်မယူနိုင်ဘူး ။

မောင့် အလိုကျ [Completed]Where stories live. Discover now