[ Unicode ]
အချစ်တွေ ဘယ်ကစလဲ
ပုခက်ထဲက ကလေးလေးကို
ဖြူဖြူစင်စင်စတွေ့ခဲ့တဲ့ အချိန်ကလား ။
ဒါမှမဟုတ်
သူ့ကို မောင် လို့သာ ခေါ်စေခဲ့တဲ့
သိတတ်စအရွယ်ကလေးကလား
သေချာတာကတော့
သူသိနေပြီးတဲ့အချိန်မှာ
ဒီလူသားကို သိပ်ချစ်နေမိပါပြီ ။
ဒါက နှလုံးသားနဲ့ရင်းတဲ့စကား ။
_______________" မောင် ဝင်ချင်လို့လား "
သရဲအိမ်ရှေ့မှာရပ်ပြီး တွေတွေလေးငေးကြည့်နေတဲ့မောင့်ကို ရိပ်ရောင်အကဲခတ်လိုက်သည် ။ မောင်က ရိပ်ရောင်ဘက်လှည့်လာရင်းခေါင်းယမ်းကာ...
" ဟင့်အင်း ၊ ကိုကိုက ဝင်လို့မဖြစ်ဘူးလေ "
" ရပါတယ် မောင်ဝင်ချင်ရင်ဝင်၊ ငါ ဒီနားလေးကပဲစောင့်ပေးနေမယ်လေ "
" တော်ပြီ မောင်မဝင်ချင်ပါဘူး၊ သရဲကလည်း အစစ်တွေမှမဟုတ်တာ၊ အတုတွေပဲကို ၊ ဉီးနှောက်မရှိတဲ့သူတွေပဲ သိနေတာကို ပိုက်ဆံပေးပြီး ဘာလို့ဝင်...အ့ "
ဗိုက်ခေါက်ဆွဲလိမ်ခံလိုက်ရသည်ကြောင့် ရှုံ့မဲ့သွားတဲ့ မျက်နှာ ။ လက်ကဆွဲကာ ခေါ်လာရင်း လူရှင်းတဲ့နေရာရောက်မှ...
" မောင်ဟာလေ ရှေ့နောက်ကြည့်မပြောဘူး၊ ဟိုမှာတွေ့လား ၊ လက်မှတ်ကောက်နေတဲ့လူကြီးက မောင့်ကိုဂျိုကြည့်ကြည့်နေပြီ "
လက်ယာ မသိမသာလှမ်းကြည့်လိုက်သည် ။ အားပါးပါးးး အပေါက်ဝမှာ ဗိုက်ပူပူနဲ့ခပ်ဝဝလူကြီးက ခါးကြီးထောက်ပြီး ဒီဘက်ကိုကြည့်လို့ ။
" အဟီး မမြင်လိုက်လို့ပါ ၊ ကဲ ဒါဆို ကိုကိုဘယ်သွားချင်သေးလဲ "
" အင်....centre ဘက်ခနသွားရအောင် ၊ ဝယ်ချင်တာလေးရှိလို့ "
" အိုခေလေ ၊ အဲ့မှာပဲ ထမင်းစားကြတာပေါ့ "
နေ့ခင်းဘက်ဖြစ်သော်လည်း ပိတ်ရက်မလို့ လူတွေကများလှသည် ။ ယောကျာ်းလေးနှစ်ယောက်တွဲလာတာကို မမြင်ဖူးသည့်ဟန် လူအချို့ကလည်း ကွက်ကြည့်ကွက်ကြည့် ။
ကြည့်လည်းကြည့်ချင်စရာပင် ။ တွဲလျှောက်သွားနေတဲ့ ဖြူဖြူလျလျကောင်လေးနဲ့ ခပ်တောင့်တောင့်လူငယ်တစ်ဉီးက လွန်စွာမှလိုက်ဖက်ညီနေသည်လေ ။
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]