Part 1

105K 5K 548
                                    

[ Unicode ]

ငါက ယောကျာ်းတန်မဲ့ ငိုနေလို့
အရှက်မရှိတာမဟုတ်ဘူး မောင် ။
မောင့် ကို သိပ်ချစ်မိလွန်းလို့
အရှက်တရားကိုတောင် ငါမေ့နေတာ...။
_______________

 ရာသီဉတုက လေပြေတိုးရင်တောင် ကြက်သီးထလောက်တဲ့အထိအေးပေမယ့် အထပ်ဆယ့်လေးထပ်ရှိ အစည်းအဝေးခန်းမကလူတွေမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချွေးစေးတွေထွက်နေကြသည်။ မည်သူမှလည်း စကားတစ်ခွန်းမျှမဆိုရဲ ။

ဒုန်း!!!!!

စားပွဲခုံပေါ်ရိုက်ချလိုက်တဲ့ လက်သံပြင်းပြင်းနဲ့အတူ ငိုက်မျဉ်းနေကြတဲ့သူတစ်ချို့ ခါးတွေမတ်ကာ ခေါင်းထောင်လိုထောင် ၊ အယောင်ယောင်အမှားမှားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုကြည့်တွေ ဖြစ်ကုန်ကြသည် ။

" ဒီကိစ္စကို ခင်ဗျားတို့ဘယ်လိုဖြေရှင်းချက်ပေးမလဲ "

ရိပ်ရောင်မဲ့ သူ့ရှေ့ကလူတွေအကုန်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။  ဘယ်သူမှတာဝန်ခံပြီး ဖြေရှင်းချက်ပေးမလာသလို တိုင်ပင်ထားကြသလားထင်ရလောက်အောင် တညီတညွတ်တည်း ခေါင်းတွေအောက်ငုံ့ထားကြ၏ ။

ကုမ္ပဏီရဲ့ နှစ်ချုပ်စာရင်းမှာ ငွေသိန်းရာဂဏန်းနီးနီးလိုနေတာ ဘယ်သူမှမသိကြဘူးလား။ တကယ်ဆို "ကျနော်တို့ အမှားပါ "လို့ အေးအေးဆေးဆေးတောင်းပန်လိုက်ရင် ခွင့်လွှတ်ပေးနိုင်ပါသည်။ အခုတော့ အပြုအမူတွေက ရိပ်ရောင်ကို ပိုပြီးဒေါသထွက်စေရုံသာ ။

Ring Ring Ring !!!!!

" ကျစ် !"

တီးလုံးသံကြောင့် စုတ်တစ်ချက်သပ်ပြီး အနှောင့်အယှက်ပေးနေတဲ့ စားပွဲပေါ်က ဖုန်းကိုကောက်ယူ၊ screen ကို ကြည့်လိုက်တော့ "Mg" ဆိုသည့် contact Name ကြောင့် နီမြန်းနေသည့်မျက်နှာသည် လျှင်မြန်စွာ နူးညံ့ခြင်းအသွင်ကိုဆောင်သည် ။

" Hello မောင်.."

​စောနကနဲ့မတူ ။ ကြည်လင်လှတဲ့အသံကြောင့် ခေါင်းငုံ့ထားသူတွေ ပြူးတူးပြဲတဲမော့ကြည့်ကြသည်။ခုချိန် စားပွဲအလယ်က ဖုန်းပြောနေသူ "ရိပ်ရောင်မဲ့"သည် Silver Group ရဲ့ CEO လို့ပြောရင် မည်သူယုံမည်နည်း ။

မောင့် အလိုကျ [Completed]Where stories live. Discover now