Part 16

37.7K 3K 507
                                    

[ Unicode ]

အဆုံးသတ်ဖို့ ခက်နေကြပြီ....🎼ဒီဇာတ်လမ်းမှာ....🎼
__________________

အိမ်ထဲဝင်လာလာခြင်း sofa ပေါ်မှာထိုင်နေတဲ့သူကို တွေ့ပေမဲ့ သေချာမမြင်ချင်ယောင်​ဆောင်ကာ ဖိနပ်ချွတ်ပြီး ကုတ်အင်္ကျီကို ပုခုံးပေါ်တင်၊ အခန်းထဲကိုတန်းနေအောင်ဝင်သွားဖို့ လျှောက်လိုက်သည်။

" လက်ယာမောင်! ဒီကိုလာဉီး "

ခေါ်လိုက်တဲ့အသံကြောင့် ခြေလှမ်းတွေတုံ့ခနဲရပ်သွားပေမဲ့လည်း ခနသာ၊ နောက်လှည့်မကြည့်ဘဲ ဆက်လျှောက်ဖို့ပြင်စဉ်...

" ဒီကိုလာဉီးလို့ ငါပြောနေတယ်နော် "

စိတ်တိုသံစွက်လာတဲ့ အသံကြောင့် မျက်နှာကို အတတ်နိုင်ဆုံးငယ်အောင်ထားကာ ခြေလှမ်းတွေကို ဘက်ပြန်ဆုတ်ပြီး အနားသွားရပ်လိုက်သည်။

ထိုင်လည်းမထိုင်၊ ဝတ်ကျေတန်းကျေ အနားလာရပ်ကာ သနားစရာကောင်းအောင်မျက်နှာကို အောက်ငိုက်စိုက်ချထားသော လက်ယာ။

ရိပ်ရောင် လက်ယာကို မော့ကြည့်ကာ 'နေ့လည်က ငါပြောတာနည်းနည်းလွန်သွားတယ်'ဟု ပြောမည်ပြင်သော်လည်း တကယ်တမ်းထွက်သွားတဲ့စကားက...

" မင်း နောက်တစ်ခါ စိုင်းကို အဲ့လေသံနဲ့ မအော်နဲ့"

အေးတိအေးစက်ထွက်လာတဲ့စကားသံအဆုံးမှာ ကြမ်းပြင်ကိုကြည့်နေတဲ့မျက်ဝန်းတို့ကို ထိုင်နေသူထံ အကြည့်ပို့လိုက်သည်။ အားငယ်နေပြီး ရင်ဘတ်ထဲမှာလည်း ဗလောင်ဆူလို့..

" ကိုကိုက အခု သူ့အတွက်နာပေးနေတာလား ၊အဲ့ဒါကလည်း မောင် နည်းနည်းလေး လေသံမာသွားတာကြောင့်တဲ့လား ဟက် "

ခပ်ထေ့ထေ့ရယ်ကာ ကြည့်ပေးလိုက်သည်။ တကယ်ခံရခက်တယ်၊ သူမဟုတ်တဲ့ တခြားသူဘက်က ပြောပေးနေတာကို ။

" မင်းမှာ အဲ့လိုပြောပိုင်ခွင့်မရှိဘူး "

လက်ပိုက်ကာ ရှေ့တည့်တည့်မှာရပ်ပြီး ရိပ်ရောင် ပြောချလိုက်သည် ။ 'သူက ငါ့ကျေးဇူးရှင်' ဆိုတဲ့ စကားကိုတော့ ထိန်ချန်ပြီးတော့ပေါ့ ။

" ဘာလို့လဲ ၊ ဘာလို့ မောင့်မှာပြောပိုင်ခွင့်မရှိတာလဲ၊ ကိိုကို့ဆီက ခွင့်လွှတ်မှုကိုရဖို့ မောင့်မှာအခွင့်အရေးသေးသေးလေးတောင်မရှိတော့ဘူးလား၊ ဟမ် "

မောင့် အလိုကျ [Completed]Where stories live. Discover now