[ Unicode ]
ခြောက်လခန့်ကြာသော်Teeeeee....!!!
နှိုးစက်သံကြောင့် စောင်ပုံထဲကလက်တစ်ဖက်ထွက်ကာ alarm ကို အရင်လှမ်းပိတ်လိုက်သည်။ အိပ်မှုံစုံမွှားမျက်လုံးကိုပွတ်ပြီးမှ လက်တစ်ဖက်ထောက်၍ ဘေးနားက အိပ်ပျော်နေသူကို စောင်းငဲ့ကြည့်မိသည် ။
ယောကျာ်းလေးဆန်ဆန်မေးရိုးနဲ့ ဖြောင့်ဖြောင့်တန်းတန်းနှာတံ။ မရယ်မပြုံးနှုတ်ခမ်းကအစ ငေးမောကြည့်စရာကောင်းလောက်အောင် ခန့်ညားပါ၏ ။ တစ်ပါးသူတွေလို ခပ်မိုက်မိုက် နှုတ်ခမ်းမွှေးတော့မရှိရှာပါ ။ နှုတ်ခမ်းမွှေးထားရင် အတူလာမအိပ်ပါနဲ့ဟု သူ ရာဇသံထုတ်ထားတာကြောင့်ပင် ။
" မောင်..ထတော့ ၊ ဒီနေ့ ဘုရားလိုက်ပို့မယ်ပြောထားတယ်လေ "
" အင်..အင်း "
မျက်လုံးမဖွင့်ဘဲ အင်းအဲလုပ်ကာ စောင်ကိုခေါင်းမြီးပြန်ခြုံလျက် လက်ဖဝါးကြီးကြီးက ခါးသိမ်သိမ်ကို အတင်း ဆွဲဖက်လာသည် ။
" မောင်..ထဆိုကွာ "
စောင်ကိုပြန်ဆွဲချတော့ လက်ညှိုးနဲ့နဖူးပြင်ကိုထိုးပြပြီး...
" အနမ်းပေးရင်ထမယ် "
ရိပ်ရောင်မှာ ရယ်ရခက်ငိုရခက်။ အိမ်ထောင်သက်ကြာလေကြာလေ မောင်ကသိပ်ပြီးကလေးဆန်တတ်လာလေပဲ။
ခါးအနည်းငယ်စောင်း၍ နဖူးပြင်ကို ခပ်ဖွဖွအနမ်းပေးလိုက်သည်။
" ဒီကိုရော "
နောက်ထပ်နမ်းခိုင်းနေတဲ့နေရာက နှုတ်ခမ်းဆီကိုပါ။ မျက်လုံးမှိတ်ပြီး နှုတ်သီးကို ဆူထားတာက အနမ်းခံဖို့အဆင်သင့်ဖြစ်နေတဲ့ပုံ။
အနမ်းနွေးနွေးကျလာတဲ့နေရာက နှုတ်ခမ်းဆီသို့မဟုတ် ။ ဝမ်းဗိုက်က အမာရွတ်ဆီ ။လက်ယာ.. မျက်လုံးကိုဖွင့်လိုက်တော့ မြတ်နိုးစွာငေးကြည့်နေသူနှင့် ဆုံသည် ။
" ဒါက မောင့်ရဲ့ ငါ့အတွက် အချစ်သင်္ကေတလေးလေ "
ချစ်မြတ်နိုးစွာ အဖြူကောင်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ အလိုက်တသင့်လေးပါလာသည်။ ရင်ဘတ်ပေါ်ကို မျက်နှာအပ်စေရင်း ခေါင်းလုံးလုံးတို့ကိုပွတ်ပေးကာ...
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]