Part 3

43.3K 4K 237
                                    

[ Unicode ]

ဒီတိုက်ပွဲမှာ
မစခင်ကတည်းက လက်နက်ချ
ဒူးထောက်အရှူံးပေးပြီးသားပါ မောင်..။
ပျော်သလိုကစားလှည့်
အနိုင်ယူသွားလှည့်ပါ...။
ငါက မောင့် အလိုကျ အသုံးတော်ခံမယ့်
ကြိုးဆွဲရာ က,ရုပ်လေး...။
__________________

ဝင်ဝင်ချင်း ခနရပ်ကာ အမှောင်ထုနဲ့ကျင့်သားရအောင် မျက်လုံးတို့ကိုအလုပ်ပေးရသည်။ ပြီးမှ မီးခလုတ်ရှိရာနေရာဆီ မှန်းဆသွားကာ မီးဖွင့်လိုက်၏။

ဂျောက်...

​အန်ကျလာတဲ့ အလင်းရောင်အောက်မှာ ရပ်နေသူသည် ရိပ်ရောင်တစ်ယောက်သာ ။ မောင်ပြန်လာမှာ မသေချာသော်လည်း အမှတ်မရှိစွာ အကျင့်ပါနေတဲ့ လက်ကတော့  အလုပ်အိတ်ကို ဆိုဖာပေါ်ချ ၊ မီးဖိုချောင်ထဲဝင်၍ ထမင်းအိုးတစ်လုံးတည်၊ မောင် ကြိုက်တတ်တဲ့ဟင်းတွေကို ချက်နေမိ၏။

ယောကျာ်းလေးဖြစ်ပေမဲ့ ရိပ်ရောင်က ငယ်ငယ်ကတည်းက အချက်အပြုတ်ဝါသနာပါသူမို့ သင်တန်းတွေလည်းတက်ဖူး၍ ရိပ်ရောင်အဖို့ ဟင်းချက်ရတာ မခက်ခဲလှပါ ။

တစ်နေ့က ဝယ်ထားတဲ့ကြက်သားကို ရေခဲသေတ္တာထဲကထုတ်ပြီး အကြော်မှုန့်နဲ့ကပ်ကာကြော် ၊မုန်လာဉဖြူကိုပါးပါးလှီးကာ ဟင်းချိုလုပ်ပြီးသည်အထိ မောင်ပြန်လာမည့်အရိပ်အယောင်ပင်မတွေ့ရသေး ။ 

ညစာစားချင်စိတ်လည်းမရှိသည်မို့ အိပ်ခန်းထဲဝင်တော့ နှစ်ယောက်အိပ် King Size မွေ့ယာပြင်ကျယ်သည် ရိပ်ရောင်ကို အထီးကျန်စွာ လှောင်ပြောင်ပြနေဟန် ။ရေချိုးခန်းထဲဝင် ခြေလက်ဆေးပြီး မျက်လုံးအစုံမှိတ်၍ နွမ်းနယ်နေလှပြီဖြစ်တဲ့ ခန္ဓာကို ကုတင်ထက်ဝယ်ပစ်ချလိုက်သည်  ။ မောင့် ကိုချစ်ရတာ ရိပ်ရောင် အရမ်းပင်ပန်းနေပါပြီ ။

အားငယ်နေတဲ့စိတ်အစုံက အတွေးကမ္ဘာဆီခေါ်ဆောင်ကာ မြင်လွှာတို့ဖြည်းဖြည်းချလျက် အိပ်မက်တိမ်တို့ဆီ အလည်ရောက်သွားရသည် ။

သန်းခေါင်ချိန်အလွန် ငှက်ဆိုးတို့ အော်သံကြောင့် ရိပ်ရောင် ဖျတ်ခနဲလန့်နိုးလာ၏ ။ မောင့်ကို စောင့်ရင်းမှေးခနဲအိပ်ပျော်သွားခဲ့တာပဲ..။ ဘေးနားကိုကြည့်မိတော့ ပိုင်ရှင်မဲ့ခေါင်းအုံးလေးက အေးစက်လျက်.. ။

မောင့် အလိုကျ [Completed]Where stories live. Discover now