Part 12

46.4K 3.6K 323
                                    

[ Unicode ]

ဒဏ်ရာကို အနာနဲ့ပြန်ပေးဆပ်တယ်။
ချစ်ရက်နဲ့ လုပ်နေကြတဲ့မင်းတို့တွေ
ဘယ်တော့များမှ ငြိမ်းချမ်းကြမှာလဲ ။

_________________

တစ်နှစ်ခန့်ကြာသော်....

မှောင်ကျနေတဲ့ အခန်းလေးအတွင်း ၊ အနံ့အသက်တို့သည်လည်း ငြီစီစီ။ အခန်းအလယ်တွင် မဖြီးမသင်ဘဲထားတာကြောင့် ရှည်လျားရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ကောင်ကလေးသည် တစ်စုံတစ်ခုတည်းသော စကားကိုသာထပ်တလဲလဲရွတ်လျက်ရှိသည် ။

" တစ်နှစ်.... ဒီနေ့ မောင့်ဆီက ကိုကိုထွက်သွားတာ တစ်နှစ်ပြည့်ခဲ့ပြီ ၊ မောင့်ဆုတောင်းတွေ မပြည့်ခဲ့တာလည်း တစ်နှစ်ရှိပြီပေါ့ "

" မောင့်အချစ်တွေကို ဝန်ခံမယ်ဆိုတဲ့အချိန်ကျမှ ကိုကိုက မောင့်ဆီက ရှောင်ဖယ်သွားတယ် ၊ ပျောက်သွားတဲ့လူက ရှာရလွယ်ပေမဲ့ တမင်တကာရှောင်ပြေးသွားတဲ့သူက ဖမ်းရခက်တယ်တဲ့ ၊ အဲ့စကားက သိပ်မှန်တယ် ကိုကို...မောင့်ရဲ့အရိပ်လေးက အခု ဘယ်ဆီကိုများ ခရီးလွှင့်နေပါလိမ့် "

နေ့စဉ်ဒူဝလုပ်နေကျအတိုင်း ကောင်ငယ်လေးက ပြတင်းတံခါးအပြင်ကိုငေး ၊ ခပ်ဆွေးဆွေးရေရွတ်ကာ ပြက္ခဒိန်က နေ့စွဲတွေကို ရေတွက်တတ်သည် ။ ပြီးတော့ မှိုင်တွေငေးကာ ပေါင်မုန့်ထုပ်ကိုဖောက်မည် ။ သကြားမကူတဲ့အခါးဆုံးကော်ဖီကို တူးနေတဲ့ပေါင်မုန့်နဲ့ စားသော်လည်း ထိုကောင်လေးဟာ မျက်နှာတစ်ချက်မပျက် ။

အလွမ်းဆိုတာ ဘာလဲလို့မေးရင် ဟိုးကောင်းကင်ထက်က မျောချင်တိုင်းမျောနေတဲ့ တိမ်စိုင်ငယ်တွေလိုမျိုးလား ။

ပဲ့ကိုင်ရှင်မရှိတော့တဲ့လှေတစ်စင်းလိုမျိုး ပိုင်ရှင်မဲ့နှလုံးသားနဲ့ ကောင်ငယ်လေးက လေနှင်ရာကို လွင့်လို့ ။

လေယာဉ်ပျံသံကြားတိုင်း ဝရန်တာကိုထွက်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်မည် ။ ပြီးတော့ လက်ပြမည် ။ သူ့ချစ်သူမြင်ရင် ပြန်လာပါစေသားဆိုတဲ့ စိတ်ဆန္ဒလေးနဲ့တဲ့ ။

" အပြစ်ပေးလို့ ဝရင် မောင့်ဆီပြန်လာပါတော့လား ကိုကို.....
ကိုကိုမကြိုက်တာတွေကို မောင် မလုပ်တော့ဘူး
ကိုကိုနဲ့မတည့်တဲ့ ပုဇွန်ကိုလည်း မောင်မကျွေးတော့ဘူးလေ........
မနက်ခင်း မောင်ရုံးသွားတဲ့အချိန်ကျရင် ကိုကိုက အင်္ကျီလေး ထုတ်ပေးထားမယ်...
ညနေတိုင် မောင်ပြန်လာတဲ့အခါကျရင် အရင်လို မောင်ကြိုက်တတ်တာတွေချက်ထားပေးမယ်..
ငယ်ငယ်တုန်းကလိုမျိုး မောင်အိပ်မပျော်တိုင်း ပုံပြင်တွေနဲ့ ချော့သိပ်လှည့်ပါဉီး ကိုကို......
ရေချိုးပျင်းတဲ့ မောင့်ကို မငြီးမငြူနဲ့ လိုက်ဖမ်းလှည့်ပါဉီး....
တောင်းပန်ပါတယ်....ကိုကို...မောင်..မောင်..ကိုယ့်စိတ်ကိုနားလည်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့သင့်တာ...ကုလို့မရတဲ့ စိတ်ဒဏ်ရာတွေ ကိုကို့ကို ပေးခဲ့မိတယ်...မောင်...မောင် တောင်းပန်ပါတယ်..ကိုကို.. "

မောင့် အလိုကျ [Completed]Where stories live. Discover now