part 30

1.6K 176 5
                                    

ပန်းသည်တွေ ပန်းများလာယူပြီးတဲ့ထိ နှင်ထုတ်လည်းမပြန်တဲ့ဇိမ်းတစ်ယောက်ကတော့ အနီသွေးနားမှာ မျော့လိုပင် ကပ်တွယ်နေတော့သည်။
နီနီ နိုးလာလို့ ရိသဲ့သဲ့မလုပ်တော့ဘူးဆိုရင်တောင် ဒင်းအခွက်က စပ်ဖြီးဖြီးနိုင်လွန်း၏။

အနီသွေးလေ ဒေါသထွက်လိုက်ချက်ဆိုတာ။

"အဲကားက အိမ်ကကားနဲ့တောင် ဆင်သလိုလိုပဲ"

အနီသွေး နီနီကိုလက်သည်းညှပ်ပေးနေတာကို အနားကနေ ပြုံးဖြီးနေတဲ့အခွက်နှင့် တစိမ့်စိမ့်ထိုင်ကြည့်နေရင်း ပြောလာသည့် ထိုစကားကြောင့် အနီသွေးလည်း အမူမဲ့အမှတ်မဲ့ ခြံဝလှမ်းကြည့်လိုက်မိ၏။
တကယ်ပဲ ကားတစ်စီးက အပန်းဖြေစံအိမ်ထဲသို့ဝင်လာနေတာပင်။

ဇိမ်းပုံစံကလည်း နောက်နေခြင်းမဖြစ်နိုင်ပဲ ထိုကား အိမ်ရှေ့မှာရပ်သွားတဲ့ထိ လည်တဆန့်ဆန့်နဲ့ကြည့်နေပြီး ကားပေါ်ကအမျိူးသမီးတစ်ဦး ဆင်းလာတာမြင်တော့မှ မျက်လုံးအပြူံးသားနှင့် တအံတသြဆိုလာလေသည်။

"အဲဒီအမျိုးသမီးကလည်း အမေနဲ့တောင်တူသလိုလိုပဲ"

ထိုစကားကြောင့် အနီသွေးပင်ကြောင်အမ်းသွားရ၏။ ဇိမ်းကိုလည်းကြောင်ကြည့်မိနေမိပြီး ဇိမ်းကတော့ စပ်ဖြီးဖြီးနှင့်ပင် ပြန်ကြည့်လာပြီး ပြောလာသည်က..

"အာ...တကယ်အမေကိုး"တဲ့လေ။

နောက်နေတာပါလားလို့ မရိပ်မိခင်အတွင်းတော့ အနီသွေးကြောင်နေသေးသည်။
သို့ပမယ့် ထိုကြောင်နေတာကိုပဲ အခွင်ကောင်း ယူခံလိုက်ရပါ၏။
ဇိမ်းက အနီသွေး ပါးပြင်တစ်ဖက်ကို ရွှတ်ခနဲနမ်းသွားပြီး ပြေးထွက်သွားကာ ပြေးရင်းကလည်း ပြောသွားပါသေး၏။

"အမေပဲ ..အမေ တကယ်အမေလေ
ခုလောက်ဆို ကျွန်တော့်ကို အိမ်ထဲအနှံ့လိုက်ရှာနေလောက်ပြီ သွားလိုက်အုံးမယ် ဦးသွေးရေ.."

"မင်း!"

မင်း...လို့ပဲရေရွတ်နိုင်ပါရဲ့။ ဒီခွေးကောင်လေးက သူ့ကို အကြောင်ရိုက်ပြီး အခွင့်ရေးယူသွားတာလေ။
လုပ်ချင်တာလုပ်ပြီးလည်း တန်းနေအောင် ပြေးသွားလိုက်တာမှ..
အနီသွေးမှာသာ မချိတင်ခဲနှင့် ကျန်နေခဲ့ရသည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now