part 40

1.4K 124 1
                                    


ငါးနှစ်ခန့် ကြာပြီးနောက်...။

မန္တလေးမြို့၏ တစ်နေရာတွင် နှင်းဆီပန်းတွေဝေနေအောင် စိုက်ထားသော ခြံဝန်းငယ်လေးရှိ၏။ ထိုခြံဝန်းထဲ၌ လူတစ်ယောက်သည် ပန်းပင်များကိုရေလောင်းနေပြီး လက်မှ နာရီကိုငုံ့ကြည့်ရင်း အိမ်ထဲသို့လှမ်းကြည့်ကာ အော်ပြောလိုက်လေသည်။

"နီနီ! အခုထိမထသေးဘူးလား!
ဦးလေးတို့လာမှ ပြာယာခက်မနေနဲ့နော် ထားခဲ့ခိုင်းလိုက်မှာ"

ထိုလူကတော့ အနီသွေးပါပင်။ သူ့စကားဆုံးပြီး ခဏအကြာတွင် အိမ်ထဲကနေအသံထွက်လာခဲ့ပါ၏။

"အား...ဦးသွေးရေ ကျောင်းပိတ်တဲ့ရက်လေးအိပ်ရေးဝဝအိပ်ပါရစေလို့! ဘဘတို့ကဒီအချိန်မလာသေးပါဘူး အစောကြီးရှိသေးတာကို"

"ဘာစောတာလဲ 6နာရီခွဲတော့မှာ မျက်နှာသစ်နေမှာနဲ့စားသောက်နေမှာနဲ့ ခုထတော့!"

ထိုအိမ်ထဲကသူကတော့ ပန်းရောင်သွေးပါပင်။ သူမက အနီသွေးစကားများကြောင့် အိပ်ယာပေါ်လူးလိမ့်နေရင်း မကျေမချမ်းရေရွက်လျက်လည်းရှိသည်။ 6နာရီထိုးထဲကနေ သူမထမချင်း ဆက်တိုက်ပြောနေနိုင်တဲ့ သူ့ဦးလေးကို သူတကယ်မလေးစားပဲမနေနိုင်တော့ဘူး။ သူဆက်ပြီးမထသေးရင်လည်း ဆက်ပြီးပြောနေဦးမှာပဲ။ ဘာလို့ သူ့ဦးလေးက သူ့ကိုနေမြင့်တဲ့ထိအိပ်ခွင့်မပေးတာလဲလို့။

ပန်းရောင်သွေးမှာ မကျေမချမ်းနှင့် ခွေးပေါက်လေးသဖွယ် ခေါင်းအုံးအားကိုက်ခဲနေပါ၏။ သူမှ သူ့ဦးလေးကို သွားကိုက်လို့မရတာလေ။ သူမက အတော်အသင့်ဒေါသဖြေပြီးနောက် စောင့်ကြီးအောင့်ကြီးနှင့် သူမထပြီဖြစ်ကြောင့် သူ့ဦးလေးရှေ့ထွက်လာပြလိုက်သည်။ မျက်နှာပေးကလည်း သုန်မှုန်နေကာ ကျေနပ်ပြီလားလို့မေးနေသယောင်ပင်။

အနီသွေးမှာ ပန်းပင်တွေရေလောင်းနေရင်းက တူမဖြစ်သူအားကြည့်လိုက်ပါ၏။ အရပ်က ဂလန့်ဂလားနှင့် ဆံပင်တွေကလည်းစုတ်ဖွာနေကာ မျက်နှာကလည်းမသစ်ရသေးပဲ အိပ်မှုန်စုန်မွှားနှင့် တစ်စက်လေးမှ အရင်ကလိုချစ်ဖို့မကောင်းတော့ပါချေ။ ဒီကလေးမက အရင်ကတော့ သေသေးညှပ်ညှပ်နဲ့လှီလွန်းလို့ ရွယ်တူတွေကြားထဲမှာတောင် ကလေးပုံစံလေးဖြစ်နေခဲ့တာလေ။ ဘယ်ချိန်ကစပြီး အရပ်ရှည်ပြီးထွားလာတာတုန်း။ အနီသွေးကရင်ထဲတွင်နာကျင်မှုတစ်စုံတစ်ရာကိုခံစားလိုက်ရတော့သည်။ သူ့ရဲ့အရင်က ချစ်စရာတူမလေးကဘယ်ရောက်သွားပြီလဲ။ သူ သူ့ရဲ့ချစ်စရာတူမလေးကိုပဲပြန်လိုချင်တယ်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now