အပိုင်း (၁)

10.5K 638 35
                                    

အပိုင်း (၁) အချစ်ရှိရာသို့...

ပန်းမြို့တော်ဟုတင်စားကျသော မြို့လေးရှိရာသို့သွားရာလမ်းတွင် ကားလေးတစ်စီးမှာ တရိပ်ရိပ်ပြေးလျက်ရှိ၏။

"ဟားဟားဟားဟား...."

ကားထဲရှိ စကားသံများကြားမှ ရယ်သံများပေါက်ကွဲထွက်လာတတ်ပြီး ထိုမပြီးနိုင်သည့် ရယ်သံတွေကြောင့် နေနော်ဇိမ်း ဟုခေါ်သော ကောင်လေး၏ မျက်နှာမှာ ပို၍ပို၍ မဲ့ရှူံ့လာခဲ့လေသည်။

ထိုကောင်လေးမှာ ဂုတ်ထိအောင်ရှည်လျားသောဆံနွယ်များရှိပြီး ဆံနွယ်များအား အညိုရောင်ဆေးဆိုးထားကာ နောက်သိုလှန်တင်ထားသဖြင့် ပြေပြစ်၍အပြစ်နာဆာကင်းသောနဖူးပြင်အား တမင်လှစ်ဟာပြထားသည့်နှယ်ပင်ထင်မှတ်ရ၏။

သူ့တွင် ထူထဲသောမျက်ခုံးများနှင့် နက်မှောင်ကာ ပါပီလေးများကဲ့သို့ တလက်လက်တောက်ပနေသောမျက်ဝန်းတစ်စုံရှိပြီး လှပသောမထူမပါးနှုတ်ခမ်းနှစ်လွှာ၏အောက်တွင်မူ ချွန်ထက်သော သွားတက်လေးတစ်ခုကိုဖုံးကွယ်ထားပေသည်။

သူ၏ညာဘက်နားရွက်မှ နားဆွဲရှည်လေးနှင့် သူ၏သွားများ၏ ဘယ်ဘက်ရှိ သွားတက်လေးသည် သူပြုံးရယ်လိုက်တိုင်း တမူထူးခြားသော တောက်ပမှုကိုယူဆောင်ပေးတတ်ပြီး မြင်သူတိုင်းအား ငေးမောမိသွားစေလိမ့်မည်ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုကောင်လေးသည် မုနမှှိုငှးလကှှ ကားပြတင်းမှတဆင့် အပြင်ဘက်ရှုခင်းများကို ကြည့်နေခဲ့သဖြင့် သူ၏ပင်ဂိုတတ်ကြွမှုလေးများမှာ ပျောက်ဆုံးလျက်ရှိပေသည်။

သူ၏ သူငယ်ချင်းတစ်ယောက်ဖြစ်သော မင်းစိုးသည် ၎င်း၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်မှ ပုခုံးရိုးများဖြင့် ဇိမ်းအားတိုက်လိုက်ပြီး...

"ချီးမှန်နေတဲ့ မျက်နှာကြီးလုပ်မနေစမ်းပါနဲ့ကွာ"

ပါးစပ်ထိုသို့ပြောသော်လည်း သူသည် အရယ်မပျက်ပေ။

ဇိမ်းမှာ သူ့သူငယ်ချင်းများ သူ့အားလှောင်ပြောင်နေကျသည်ကို အလွန်ခံရခက်လာသဖြင့် သည်းမခံနိုင်တော့ပဲ...

"တော်ကျတော့ကွာ! စိတ်ညစ်နေရတဲ့ထဲ ငါဆဲမှာနော် အေး!"

ဇိမ်း၏လေသံမှာ အတော်လေးတင်းမာနေပါ၏။ သူ၏ငယ်ရွယ်လန်းဆန်းသော မျက်နှာလေးနှင့်မတူပဲ သူသည်အရပ်ခြောက်ပေနီးပါးခန့်ရှည်ပြီး ကြံ့ခိုင်သောခန္ဓာကိုယ်ရှိသဖြင့် အကယ်၍သူသာ မျက်နှာတည်တင်းလိုက်လျှင် အနည်းငယ်ခက်ထန်သည့်ဘက်သို့သွားသည်။ သို့သော် ကားထဲရှိလူများမှာ ငယ်စဥ်ထဲကပုခုံးဖက်ပေါင်းလာသည့် ငယ်ပေါင်းများဖြစ်နေလေရာ သူ၏ခြိမ်းခြောက်မှုက အသုံးမဝင်ခဲ့ရှာသည်မှာတော့ စိတ်မကောင်းစရာပါပင်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now