part 26

1.4K 181 18
                                    


ဤရက်ပိုင်းများတွင် ဇိမ်းနှင့်အနီသွေးတို့၏ ဆက်ဆံရေးက ပိုမိုကောင်းမွန်လာခဲ့၏။
မနက်တိုင်းတွင် ဇိမ်းကပန်းကူခူးပေးသလို အနီသွေးကလည်း ဇိမ်း၏ နှင်းဆီပင်လေးတွေအား သေချာဂရုစိုက်ပေးဖြစ်သည်။

ညတိုင်းမဟုတ်သော်လည်း တချို့သောညများတွင် ဇိမ်းတစ်ယောက် အကြောင်းမရှိအကြောင်းရှာပြီး အနီသွေးနှင့် စကားလာပြောလေ့လည်းရှိသည်။

တကယ်တော့ ဇိမ်းကလူလည်လေးပါ။ မနက်ခင်း ပန်းကူခူးတာပြီးသွားလည်း ညနေပိုင်းရောက်ပါက သူ့ပစ္စည်းတစ်ခုမဟုတ်တစ်ခု မေ့ကျန်ခဲ့တယ်ဆိုကာ နှင်းဆီခြံထဲလာလေ့ရှိသည်။

အနီသွေးအနေနှင့် အနှီကောင်လေး၏ ဉာဏ်နီဉာဏ်နက်များကို ရိပ်မိပါသော်လည်း အရင်လောက် မပြောဖြစ်တော့။ တကယ်ကိုအံသြစရာပင်။

ဝန်ခံရလျှင် ဒီရက်ပိုင်းများတွင်
အနီသွေးလည်း ပုံမှန်ထက်ပိုပျော်သလိုရှိလာ၏။ ပြောကျကြေးဆို အဲဒီ နေနော်ဇိမ်းဆိုတဲ့ ကောင်လေးက အနီသွေးကိုရော နီနီ့ကိုရော ဂရုစိုက်ပေးတယ်လေ။
သူ့ပုံက ကလေးချစ်တတ်တဲ့ပုံတော့ မဟုတ်ပါဘူး။သူ နီနီကိုဂရုစိုက်ပေးနေတာက သပ်သက်ကြီးကို အနီသွေးဆီကမျက်နှာရချင်လို့ဆိုတာ ပေါ်လွင်နေတာပဲလေ။
ဘယ်လိုပဲပြောပြော တချို့သောအချက်တွေစုကြည့်ရင်တော့ ဇိမ်းက ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်လိုပါပင်။

အနီသွေးမှာ ထိုအကြောင်းများကိုတစ်ယောက်ထဲ ထိုင်တွေးနေတာဖြစ်သည်။ သူ့ကိုယ်သူ ပြုံးနေမိတာတောင် သတိမထားမိပဲ
နီနီခေါ်သံကြားမှ အသိပြန်ဝင်လာတော့၏။

"ဦးသွေးလို့်!"

"ဟင်!...နီနီ ဘာလို့လဲ"

ကယောင်ကတမ်းဖြစ်သွားမိပြီးမှ အချိန်တွေအကြာကြီး အဲဒီခွေးကောင်လေးအကြောင်းတွေးနေမိတယ်ဆိုတာကို သဘောပေါက်တော့ ရှက်ကိုးရှက်ကန်းနှင့်။

ထူးဆန်းလိုက်တာ ဘာလို့အဲဒီခွေးကောင်လေးအကြောင်းကို တကူးတကတွေးမိနေရတာလဲ။

"ဒီမှာ.."

နီနီက လက်ထဲကိုင်လာတဲ့ နှင်းဆီတစ်ပွင့်အား အနီသွေးကို ပြလာသည်။
အနီသွေးက ဒီချစ်မဂတူမလေးအကြောင်းအား သိပါ၏။ ထို့ကြောင့်မေးလိုက်သည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now