အပိုင်း (၄)

3.7K 390 20
                                    

အပိုင်း (၄)

အပန်းဖြေစံအိမ်ဝန်းကြီး အလယ်တည့်တည့်က
နှင်းဆီခြံလေးထဲတွင်တော့ အနီသွေးတို့တူရီးနှစ်ယောက်မှာ နှင်းဆီပင်လေးကိုစိုက်ရန်ပြင်ဆင်နေကျပြီး အနီသွေးကမြေတူးနေကာ ဘေးကလှုပ်လှုပ်ရွရွဖြစ်နေသည့် ပန်းရောင်သွေးလေးအား ထိခိုက်မိမည်ဆိုး၍ မနည်းပြောနေရ၏။ ထိုစဉ် နှင်းဆီအပင်ပေါက်တွေ ဖောက်သည်ယူနေကျ ဦးလေးလင်မယားရောက်လာတာကြောင့် အနီသွေးက မြေတူးနေတာကိုရပ်လိုက်ပြီး သော့ခက်ထားသည့် ခြံတံခါးကိုအပြေး သွားဖွင့်ပေးလိုက်သည်။

ဒီဦးလေးတို့စုံတွဲနဲ့ အနီသွေး သိကျွမ်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့က မန္တလေးဘက်ကိုတစ်ဆင့် အပင်ပေါက်တွေ လှည့်ရောင်းသည့်အလုပ်ကိုလုပ်ကိုင်ကာ အနီသွေးထံတွင် နှင်းဆီပင်ပေါက်များကို ဝယ်ယူလေ့ရှိသည်။ အနီသွေးမှာ ဒီစုံတွဲလို နှင်းဆီပင်ပေါက်တွေ ဖောက်သည်ယူနေကျလူ သုံးလေးဦးထိရှိပြီး ပထမဆုံးလက်တွဲခဲ့တာက ဒီဦးလေးတို့ပဲဖြစ်လို့ အနီသွေး၏ အနည်းငယ်သောမိတ်ဆွေတွေထဲကလို့ပင်ပြောလို့လည်းရ၏။

အသက်တွေကလူလတ်ပိုင်းကိုကျော်လွန်လာပေမယ့်
သားမီးအငယ်မရှိတဲ့သူတွေဖြစ်လို့ နှစ်ယောက်လုံးက ပန်းရောင်သွေးလေးကို သွေးသားရင်းလိုချစ်ကျတာလည်းဖြစ်သည်။

လိမ္မော်ရောင်သုံးဘီးလေး ခြံထဲရောက်တာနှင့်
ဦးလေးရဲ့ဇနီးဖြစ်သူက အနီသွေးကိုတောင်နုတ်မဆက်အားပဲ ပန်းရောင်သွေးလေးထံ ချက်ခြင်းပြေးသွားကာ သူမဘာတွေဝယ်လာကြောင်းနှင့် လိုချင်လျှင် အာဘွားပေးရမည်ဖြစ်ကြောင်းကို စနောက်နေပြီး ဦးလေးကတော့ ကလေးကိုခဏမျှသွားစပြီးနောက် သုံးဘီးပေါ် နှင်းဆီပင်တွေတင်ဖို့လုပ်နေသည့် အနီသွေးနားပြန်ရောက်လာကာ...

"မောင်သွေး ကံကော်နှင်းဆီရှိသေးရင်
သုံးလေးပင်လောက် ပိုထည့်ပေးလိုက်ဦးကွာ"

"အာ ကံကော်နှင်းဆီလား ကျွန်တော့်မှာ အလွတ်ကသိပ်မရှိတော့ဘူးရယ် ဦးလေးတို့ယူမယ့်ထဲမှာ ငါးပင်တော့ထည့်ပေးထားတယ်"

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now