part 16

1.9K 235 16
                                    


"အင်း....ရှိတယ် .."

တကယ်တော့ မင်းစိုးအနေနဲ့က ဇိမ်းသိချင်နေလောက်မယ်ထင်လို့ ​မေးပေးတာပေမယ့်လည်း ဒီလိုအဖြေဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားဘူးလေ။ ဇိမ်းကတော့ မျက်နှာတစ်ချက်ပျက်သွားပေမယ့် ချက်ခြင်းမျက်နှာပြန်ပြင်ပြီး ဘာမှဝင်မပြောပဲ ပန်းရောင်သွေးအတွက်သာ ပုဇွန်တွေအခွံခွာပေးနေလေရဲ့။

"တကယ်လား"

အင်တင်တင်နဲ့ မင်းစိုးထပ်မေးလိုက်တော့
အနီသွေးကလည်း ခပ်တည်တည်နှင့်ပင် ထပ်ဖြေလာသည်။

"အင်း..ဂျပန်မှာကျောင်းတတ်နေတာ
ပြန်လာရင်တော့ လက်ထပ်ဖြစ်မယ်ထင်တယ်"

အနီသွေးရဲ့ အထစ်​ငေါ့မရှိတဲ့ အ​ဖြေကြောင့် မင်းစိုးတို့သုံးယောက် ဇိမ်းအားပြိုင်တူကြည့်လိုက်မိကျသည်။ ဇိမ်းကတော့ တစ်ခွန်းမှမပြောပဲ ပန်းရောင်သွေးကိုသာဂရုစိုက်နေပေမယ့် အကြောင်းသိနေတဲ့သူတို့က ဒင်းရင်ထဲဒူးရင်းသီးတွေသီးနေမှာကိုသိနေသည်။ ဇိမ်းအစားရင်ခံနေရင်းနဲ့ပဲ
တစ်ခြားအကြောင်းတွေလည်း ပြောဖြစ်ကျပြီး တဖြေးဖြေးနှင့် စကားဝိုင်းကပြောရတာမခက်ခဲတော့ပဲ လေထုကပြေလည်လာသယောင်ရှိတာဖြစ်လို့
အနီသွေးနဲ့ တော်တော်များများမေးဖြစ် ပြောဖြစ်ခဲ့ကျသေးသည်။

" ပြန်လိုက်ဦးမယ်"

"အာ...ပြန်တော့မှာလား"

စကားပြောကောင်းနေတဲ့ကားကားက အစောကြီးရှိသေးလို့မပြန်စေချင်သေးပေမယ့် တားတော့လည်းမတားရဲပေ။ တကယ်ဆို အနီသွေးတို့ရောက်တာ တစ်နာရီတောင်မပြည့်သေးဘူးလေ။ပြီးတော့အနီသွေးက အစား​သောက်တွေကိုလည်း စားတယ်ဆိုရုံလေးပဲစားတာ။

"ကျွန်တော်လိုက်ပို့မယ်လေ"

အနီသွေးတို့နဲ့အတူ ဇိမ်းကပါထရပ်ကာပြောတော့ နီသွေးအကြည့်စူးစူးက ဇိမ်းစီဒိုင်းခနဲ။

"သူများကြားရင် အရမ်းဝေးတယ်ထင်သွားဦးမယ် "

အနီသွေးဘာပြောပြော ဇိမ်းကတော့ခါတိုင်းလိုဖြီးနေရင်းနဲ့ပဲ ...

"လာပါ ကျွန်တော်ကလိုက်ပို့ချင်နေတာပဲကို"

ပြောလည်းမရမှာသိနေလို့ အနီသွေးဘာမှပြောမနေချင်တော့။ ဒီလိုနဲ့
အပြန်လမ်းမှာ ဇိမ်းရောပါသွားတော့တာပဲ။
ပန်းရောင်သွေးကို အလယ်ထားလို့ ကြည်နူးစရာမိသားစုလေးလို ပြန်သွားတဲ့ ထိုပုံရိပ်ကိုကြည့်နေရတဲ့ မင်းစိုးတို့ကသာစိတ်မသက်မသာဖြစ်နေရရင်း..

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now