part 12

2.1K 268 12
                                    

အနီသွေးတစ်ယောက် ကိုယ့်ခြံထဲကိုယ်ပြန်ရောက်ပြီး အတော်လေးကြာတော့
​သွေးနည်းနည်းအေးသွားကာဖြင့်
ဟိုကောင်လေးတွေ တော်တော်များများထိသွားလားဆိုပြီး တွေးမိနေရသည်။
ဒေါသထွက်ရင် ဘာမှမမြင်တတ်တော့သည့်လူဖြစ်လို့ အရင်ထဲကသည်းခံနေခဲ့တာကို အဲဒီကောင်လေးတွေကလည်း တကယ်ကိုလက်ကမျင်းလွန်းတယ်လေ။

ဇာတ်ကားတွေထဲကလို အတိတ်မေ့တာတွေတော့မဖြစ်နိုင်လောက်ဘူးမလား။

အနီသွေးတစ်ယောက်ထဲအတွေးများနေတုန်း ဟိုဘက်ခြံက ခြံ​စောင့်လေးလေးကြီးရောက်လာကာ ခြံတံခါးကိုသော့မခတ်ထားမိတော့ ဦးလေးကသူ့ဖာသာဖွင့်လာပြီး...

"မောင်အနီသွေး ဝင်ခဲ့ပြီဟေ့.."

သြော်...အထဲတောင်ရောက်နေပြီမဟုတ်လား
ဦးလေးရယ်လို့ ပြောလိုက်ချင်ပေမယ့်လည်း အပြင်မှာတော့ဘာမှမပြောဖြစ်ပဲ ဦးလေးအနားရောက်အလာကိုပဲ စောင့်နေလိုက်တော့သည်။

"ဘယ်လိုဖြစ်ကျတာလဲကွာ အနီးနားမှာအိမ်နီးနားခြင်းဆိုလို့ဒီလူတွေပဲရှိကျတာကို"

အနားဝင်ထိုင်လာပြီး စလာထဲကလေသံကိုက တရားချတဲ့စကားတွေနဲ့အစပျိုးနေတာဖြစ်လို့ အနီသွေးကတော့ငြိမ်၍သာနေရင်း
လေပူတစ်ချက်သာမူတ်ထုတ်လိုက်မိသည်။
ထို့နောက် ထိုဦးလေးကဆက်ပြောလာပြီး၏။

"ခုလိုမင်းလုပ်လိုက်ရတော့ မင်းလည်းမကောင်းဘူး ခံရတဲ့သူတွေလည်းမကောင်းဘူးမလား မင်းကအကြီးပါအနီသွေးရာ ဘယ်ချိန်ထိများ ဒို့ဘက်ခြံကလူတွေကိုအငြိုးထားနေဦးမှာလဲ ရေစက်တွေပါလို့သာတွေ့ကျရတာပါ"

သြော်....အသက်ကလည်းရပြီး အေးရာအေးကြောင်းနေလာတဲ့ဦးလေးကတော့ ငြိမ်းချမ်းခြင်းတွေပြည့်နှက်နေမှာပေါ့လေလို့ အနီသွေးပြောလိုချင်၏။
သို့သော် သူသည်လူကြီးများအပေါ်ရိုင်းစိုင်းသည်အထိတော့မဆိုးသွမ်းနေပါ။
ထို့ကြောင့်လေသံကိုအတတ်နိုင်ဆုံးလျော့ကာဖြင့်...

"ကျွန်တော်လည်း ကျွန်တော့်နှင်းဆီပင်တွေဆိုတာသေချာနေလို့ပါ"

ထိုစကားကြားတော့ ထိုဦးလေးပြုံးလာသည်။ အမြဲမြင်တွေ့​နေရလို့
မဟုတ်မခံအနီသွေးစိတ်ကို ​ကောင်းကောင်းရိပ်မိနေပုံနှင့်...

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now