ကျေးဇူးတင်လွှာ

1K 66 6
                                    

ပထမဆုံးအနေနဲ့ ကျေးဇူးတင်ပါတယ်။
ထပ်ပြီး ဒုတိယအနေနဲ့ ကျေးဇူးတင်ပါတယ်။
တတိယအနေနဲ့ ထပ်ပြီး ကျေးဇူးတင်ပါတယ်ရှင်။

"နှင်းဆီပုံပြင်"ဆိုတဲ့ fiction လေးက ဇာတ်သိမ်းသွားခဲ့ပါပြီ။ စရေးချိန်ကစလို့ ယနေ့ချိန်ထိ ဖတ်ရှုပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ခြင်းဆီကို ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပါရစေ။

ဒီ fiction လေးကို 2020ခုနှစ်၊ 9လပိုင်း(စက်တင်ဘာ)၊ 13ရက်နေ့မှာ စတင်ရေးသားခဲ့ပြီး ယနေ့ 2022ခုနှစ်၊ 3လပိုင်း(မတ်)၊ 29 ရက်နေ့မှာ အဆုံးသတ်နိုင်ခဲ့ပါပြီ။

ပျမ်းမျှအနေနဲ့ စာလုံးရေ တစ်သိန်းခန့်ရှိပြီး ကိုယ့်အတွက်တော့ ကြားထဲမှာ အခိုက်တန့်တွေအများကြီး ကျော်ဖြတ်ခဲ့ရတဲ့ fiction လေးတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

ကိုယ်က စာစရေးချိန်ထဲက နှင်းဆီတွေနဲ့ပတ်သတ်ပြီး fiction လေးတစ်ပုဒ် ဖန်တီးချင်စိတ်ရှိခဲ့တယ်။ အကြောင်းပြချက်ကတော့ ကိုယ်က ပန်းတွေထဲမှာ နှင်းဆီပန်းကိုအကြိုက်ဆုံးဖြစ်လို့ပါပဲ။ ဒီနေ့မှာတော့ စိတ်ကူးတွေဟာ အကောင်ထည်ဖော်နိုင်ခဲ့ပြီး ပြည့်ဝခဲ့ပါပြီ။

ကိုယ်သိပ်ပျော်ပါတယ်။ ဒီ fiction လေးကိုလဲ သိပ်ချစ်တာပါပဲ။

ဒီ fiction လေးကိုဖတ်ပြီးရင် နှင်းဆီပန်းတွေကို ပိုချစ်လာနိုင်စေဖို့မျှော်လင့်ပါတယ်။ နှင်းဆီပန်းတွေမြင်တိုင်းလည်း အနီသွေးဆိုတဲ့ဇာက်ကောင်လေးနဲ့ နေနော်ဇိမ်းဆိုတဲ့ဇာက်ကောင်လေးတွေ တွဲမြင်နိုင်စေဖို့ ဆုတောင်းပါတယ်။

ကိုယ့်ကိုသူငယ်ချင်းတွေက ပြောကျတယ်။ ဒီထဲက ဇာက်ကောင်လေးတွေရဲ့နာမည်က အရမ်းလှတာပဲတဲ့။ ဇာက်ကောင်နာမည်စဥ်းစားခဲ့ပုံလေးကို ကိုယ်မျှဝေပေးချင်ပါတယ်။

ကိုယ်ပထမဆုံးစဥ်းစားခဲ့တာက အနီသွေးဆိုတဲ့နာမည်ပါ။ ကိုယ်က နှင်းဆီတွေနဲ့ပတ်သတ်တာရေးမှာဖြစ်လို့ နှင်းဆီဆိုနဲ့စကားလုံးကြားရင် ပြေးမြင်မိတာက အနီရောင်နှင်းဆီပွင့်လေးတွေပဲမလား။ နှင်းဆီကအရောင်မျိုးစုံရှိပေမယ့် အနီရောင်ကိုပဲအများဆုံးမြင်မိကျမှာပါ။ ဒါကြောင့် နှင်းဆီနီကနေ အနီသွေးဆိုတဲ့နာမည်ကိုယူခဲ့ပါတယ်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now