part 28

1.8K 201 27
                                    

နှင်းဆီခြံရဲ့တစ်ဖက်က အပန်းဖြေစံအိမ်ထဲတွင်တော့...

မင်းစိုးတစ်ယောက် ဇိမ်းအခန်းတံခါးဝအားထုလျက်ရှိကာ...

"ဟေ့ကောင် နေ့လည်ထဲက မင်း ရေတောင်မသောက်ရသေးဘူးနော်
ထွက်လာခဲ့ အဒေါ်ကြီးကမင်းအတွက် သီးသန့်ဆိုပြီးညစာပြင်ပေးထားတာ "

အခန်းထဲကဇိမ်းကတော့ စကားသံပြန်မလာပါချေ။ မင်းစိုးအပါဝင် ကားကားရော၊ဇင်ကြီးပါ တစ်ယောက်တစ်လှည့်နှင့် မရေနိုင်အောင် ဒီအခန်းတံခါးအား ခေါက်ခဲ့ပြီးဖြစ်သည်။
အထဲကဇိမ်းကတော့ ထွက်လာဖို့မပြောနှင့် အသံတောင်ပြုမလာခဲ့ပေ။

နေ့လယ်ထဲက မျက်နှာမကောင်း၍ ဘာဖြစ်လို့လဲဟုဝိုင်းမေးသော်လည်း မဖြေပဲအခန်းထဲဝင်သွားသည်က ညနက်တဲ့ထိပင် ထွက်မလာတော့။ နောက်မှ အဒေါ်ကြီးပြော၍ သိရသည်က နေ့ခင်းကနှင်းဆီခြံထဲမှာ အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်ဟူ၍။ ထိုတော့မှသာ သူတို့ ဖြစ်အင်ကိုခန့်မှန်းမိသွားခဲ့ကျတာပင်။

"ဇိမ်း ဟေ့.. မင်းကသူငယ်ချင်းတွေကိုတောင် အဖက်မလုပ်တော့ဘူးလား မင်းဘာဖြစ်တာလဲပြောလေ တကယ်တော့ ငါဒီအိမ်မှာဖွတ်ထားတဲ့ နှစ်ချို့ဝိုင်တွေရှိတယ်နော် မင်းမသိချင်ဘူးလား သောက်ရင်းမပြောချင်ဘူးလား"

ဇင်ကြီးနှင့်မင်းစိုးမှာ မာတစ်လှည့် ပျော့တစ်လှည့်နှင့် ပြောရင်းက စိတ်မရှည်တော့သည့် မင်းစိုးက အခန်းတံခါးကိုကန်လိုက်တော့သည်။ ဖြစ်နိုင်ရင်တော့ ရုပ်ရှင်တွေထဲကလို တံခါးကျိုးသွားမျိုးလိုချင်တာပေါ့လေ။ ဒါပေသည့် လက်တွေ့မှာတော့ မင်းစိုးခြေထောက်ပဲ မကျိုးရုံတမယ်အရိုးအက်သွားတယ်ထင်ရလောက် ​အောင်နာသွားရသည်။ ဒါတောင် အရှုံးမပေးပဲ မင်းစိုး ဆက်ကန်နေဦးမလို့ပဲ ဇင်ကြီးကဆွဲထားလို့။

"စိတ်လျော့ စိတ်လျော့ ...
အဲကောင် ဗိုက်ဆာတဲ့ဒဏ်ကိုမခံနိုင်ပါဘူးကွာ မနေနိုင်ရင်ဆင်းလာလိမ့်မယ်"

တကယ်တော့ ထိုအချက်ကို သူတို့အားလုံးသိထားပြီးသားပင်။ ဇိမ်းကငယ်စဥ်ထဲက အစားသောက်မက်ပြီး ဗိုက်ဆာတဲ့ဒဏ်ကိုနည်းနည်းလေးမှမခံနိုင်ပဲ ဗိုက်ဆာနေရင် ဆေးသမားဆေးပြတ်သလိုဖြစ်နေတတ်သည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now