part 35

1.2K 122 4
                                    

စားသောက်ဆိုင်ထဲတွက် ကျန်နေခဲ့ရသည့်ဇိမ်းမှာ ဖင်မငြိမ်ပါချေ။ ဖြစ်နိုင်လျှင် သူတို့နောက်လိုက်ချောင်းပြီး ဘာတွေများပြောကျသလဲဆိုတာကိုနားထောင်ချင်သည်။ သို့သော် အနီသွေးက မသွားခင် သူ့အား ပန်းသွေးကို ကြည့်ထားရန်မှာခဲ့၏။ ထို့ကြောင့် စားပွဲကနေခွာမရပဲဖြစ်နေတော့သည်။ သိပ်မကြာလိုက်ပါပေ အနီသွေးပြန်ရောက်လာခဲ့ပြီး နဒီခင်ဆိုသည့်အမျိုးသမီးတော့ပြန်ပါမလာတော့။

ဒီလောက်ဆို ကောင်းတာဖြစ်ခဲ့တာမဟုတ်မှန်းရိပ်မိကျသဖြင့် ဘာမှမမေးရဲခဲ့ပါချေ။ အနီသွေးကိုယ်တိုင်ကလည်း မျက်နှာမကောင်းဘူးမဟုတ်ပါလား။

သူတို့တွေတဖြေးဖြေးလေထုကို သက်တောင့်သက်သာဖြစ်အောင်ပြင်ယူလိုက်ကျပြီး နောက်ထပ်တစ်နာရီလောက်ပဲ ထပ်နေခဲ့ကာ ပြန်ခဲ့ကျတော့သည်။ သူတို့ပြန်လာသည့်အချိန်က စောသေးသော်လည်း လမ်းတွက်ကားများပိတ်နေရာ ကားဘီးကတစ်လိမ့်ချင်းတောင် မလိမ့်ချင်လိမ့်ချင်နှင့်လိမ့်နေရရှာသည်။ ဇင်ကြီးမှာ ပြောလာပါ၏။

"ထင်သားပဲ အပြန်ခါလမ်းပိတ်မယ်လို့ ဒီတိုင်းဆို ​ညမှပဲပြန်ရောက်လိမ့်မယ်"

ဇိမ်းမှာ ထိုစကားကြောင့် မုန့်များမဝယ်ခဲ့ရသည်ကိုနောင်တရသွားတော့သည်။ သူအနီသွေးကိုကြည့်လိုက်တော့ အနီသွေးက အပြင်ကိုငေး၍နေသည်။ သူ့ရင်ခွင်ထဲမှာတော့ ပန်းရောင်သွေးက ငိုက်မှေးနေကာ မကြာခင်အိပ်ပျော်တော့မည့်ပုံပင်။ အပြန်လမ်းတွင်တော့ မင်းစိုးကထပ်တူညီအမှားမျိုးမလုပ်တော့တာကြောင့် ဇိမ်းမှာအနီသွေးနှင့်ကပ်၍ထိုင်ခွင့်ရခဲ့သည်။ သို့သော် အနီသွေးပုံစံကြောင့် သူ့မှာ ဘာပြောရမှန်းမသိ၊ ဘယ်လိုနှစ်သိမ့်ရမှန်းလဲမသိပါချေ။ သူနှစ်သိမ့်ရင်တောင် သူ့ရဲ့ဦးသွေးက လက်ခံမယ့်လူမျိုးမှမဟုတ်တာ။
ဒါကြောင့်သူကအနီသွေးကိုမနှောက်ယှက်တော့။

တလိမ့်ချင်းလိမ့်နေသည့်ကားလေးက လူတွေကိုအိပ်ချင်စိတ်ဖြစ်ပေါ်လာစေသည်။ မင်းစိုးသည်ဇိမ်းအပေါ်မှီပြီး အိပ်နေပြီဖြစ်ပြီး ကားကားမှာလည်းရှေ့ခုံတွင်အိပ်ပေါ်နေပြီဖြစ်သည်။ ဇိမ်းသည်လည်းပဲ အိပ်ချင်စိတ်လေးဖြစ်လာပြီး မကြာခင်မှာတင် အနီသွေး ပုခုံးပေါ်မှီကာ အိပ်ပျော်သွားတော့သည်။ အနီသွေးက သူ့ကိုတွန်းမထုတ်ခဲ့ပါချေ။ အပြင်ကိုသာငေးနေပြီး ကားမောင်းနေသည့်ဇင်ကြီးကတော့ အိပ်ချင်စိတ်ကို မက်မန်းသီးများစားကာ တိုက်ထုတ်နေရှာသည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now