part 22

1.7K 194 32
                                    


ဦးအနီသွေးဆိုတာကတော့တကယ်ပါပဲ။
ဆရာဝန်ဆီဖုန်းဆက်ထားပါတယ်ဆိုတာတောင်မှ သွေးတွေကို သူ့တူမလေးမြင်မှာစိုးပြီး ချက်ချင်းရေဆေးချပြစ်တာ။ သူ့တူမကဖြင့်အိမ်ထဲမှာ နွားနို့ယိုတွေစားရင်းအိပ်ပျော်နေတာကို ပြောလည်းမရဘူး။

ဘယ်ဘက်မျက်ခုံးနားလည်းထိခိုက်သွားပြီးတော့ သွေးကဖြင့်ခုထိမတိတ်သေးဘူး။
ညာဘက်ပါးစောင်ကလည်း တဖြေးဖြေးနဲ့ ယောင်လာနေပြီ။
ညာဘက်လက်ကလည်း ထိခိုက်သွားတယ်ထင်တာပဲ။
ဒီလောက်ဖြစ်နေတာကို ဆရာဝန်ကိုလာစရာမလိုဘူးဆိုပြီး ဖုန်းပြန်ဆက်ခိုင်းနေသေးတယ်။

"ဒီတိုင်းထားလို့ရလို့လား ရဲမတိုင်ဘူးလား"

ဟုတ်တယ်လေ။ လူတစ်ယောက်လုံးကို ဒီလောက်ဖြစ်အောင်ရိုက်နှက်သွားတာ သေချာပေါက် ရဲတိုင်သင့်တာပေါ့။
သို့ပေသည့် ဦးအနီသွေးကြီးကတော့ပြန်ဖြေမလာပါဘူး။ ဇိမ်းစကားကိုလည်းမကြားချင်ယောင်ဆောင်ပြီး ပါးလုတ်ကျင်းနေလေရဲ့။

ဘယ်လောက်ပဲခံနိုင်ရှိရှိ အရမ်းနာမှာပဲကို။

ဇိမ်းခပ်တိုးတိုးရေရွတ်လိုက်ပြီး အနီသွေးကိုမမှိတ်မသုန်လိုက်ကြည့်နေမိသည်။
သွေးစတွေကိုသန့်ရှင်းရေးလုပ်ပြီး အိမ်ထဲဝင်သွားတော့လည်း ဇိမ်းကနောက်ကထပ်ချပ်မခွာလိုက်မြဲ။ နွားနို့ယိုပုလင်းဖက်ပြီး အိပ်ပျော်နေတဲ့သူ့တူမကို အခန်းထဲနေရာတကျသွားသိပ်နေတော့လည်း ဇိမ်းကအခန်းဝကကြည့်နေမြဲ။

အနီသွေးအပြင်ပြန်ထွက်မယ်လုပ်တော့
အခန်းဝက မူန်တေတေရပ်နေတဲ့ဇိမ်းကြောင့် အနည်းငယ်လန့်သွားသေးသည်။
အပြင်မှာကျန်နေခဲ့တယ်ထင်တာလေ။

"ဘာလုပ်နေတာလဲ!"

ကလေးအိပ်နေတာကြောင့်အော်မရပေမယ့် ငေါက်တော့ငေါက်လိုက်သေးသည်။
ထို့နောက် ဇိမ်းအားတွန်းဖယ်ကာ အပြင်ထွက်လာပြီး အဝတ်လဲဖို့ရာအတွက်သူ့အခန်းထဲဝင်ပြီး အင်္ကျီရွေးနေတဲ့ထိ ဇိမ်းကအနီသွေးအခန်းဝမှာ မူန်တေတေနှင့်လာရပ်နေတုန်းပင်။

"ဦးသွေး သူတို့နဲ့အသိတွေလား ရန်ငြိုးရှိလို့လား"

"နီနီအဖေဘက်ကအမျိုးတွေ မင်းကပြောလည်းသိမှာလား
အဝတ်လဲမလို့ အပြင်ထွက်တော့"

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now