part 43

1.3K 105 2
                                    


ထို ကိစ္စဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင်ဖြစ်သည်။

ပန်းရောင်သွေးမှာ ထိုနေ့ကပြန်ရောက်တော့ အနီသွေးရှေ့တွင်ဘာမှမဖြစ်ခဲ့ဟန်ဆောင်နေခဲ့၏။ အနီသွေးကလည်း နည်းနည်းမှပင် သံသယမဝင်ခဲ့ပါချေ။

ထုံးစံအတိုင်း မနက်ခင်း6နာရီတိတွင် အနီသွေးက တူမဖြစ်သူအား နိုးတော့သည်။

"နီနီ ကျူရှင်သွားရမှာမလား ထတော့လေ "

ပထမဆုံးအကြိမ်တွင်တော့ အနီသွေးအသံတို့က ငြင်သာနေပါသေးသည်။ သို့သော်နာရီဝက်လောက် အခေါက်ပေါင်းမနည်းနိုးခဲ့ရပြီးနောက်မှာတော့ မငြင်သာနိုင်တော့ပါချေ။

အနီသွေးက ပန်းပင်တွေရေလောင်းနေတာကိုရပ်လိုက်ပြီး အိမ်ထဲဝင်သွားတော့သည်။ နောက်တော့ ပန်းရောင်သွေးအခန်းတံခါးကို တဒုန်းဒုန်းထုရင်း...

"နီနီ! ကျူရှင်နောက်ကျမယ်လို့ပြောနေတာကိုနော် မထသေးဘူးလား!!"

ဒီနေ့က တနင်္ဂနွေနေ့ပေမယ့် ကျူရှင်က မနက်7နာရီခွဲသွားရမှာဖြစ်လို့ အနီသွေးအနေနှင့်သူတူမအား နေမြင့်အောင်အိပ်ခွင့်မပေးနိုင်ပါချေ။ အနီသွေးက တံခါးကို အဆက်မပြင်ထုနေရင်း...

"ထတော့! ကျူရှင်ကပြန်လာမှပြန်အိပ်နေ
မထသေးဘူးလား!!"

"အား!!! ထပြီ ထပြီလို့! "

ပန်းရောင်သွေးမှာအိပ်ရာထဲကနေ လူးလိမ့်ရင်း ကုန်းအော်လိုက်ပါ၏။ သူအဲလိုမအော်မချင်း သူ့ဦးလေးက မနားတမ်းတံခါးကိုထုနေမှာသိနေလို့လေ။ သူအော်လိုက်လို့ အသံတိတ်သွားချိန်တွင် ပန်းရောင်သွေးမှာ ထပ်အိပ်ရန်ကြံလိုက်မိသည်။ သို့သော် အကြားမြင်ရနေလားမသိသည့် သူ့ဦး​လေးသည် တံခါးကိုထပ်ထုလာပြီး..

"ပြန်အိပ်မနေနဲ့ ထတော့!
ကျူရှင်နောက်ကျလိမ့်မယ်နော်"

နောက်ဆုံးတော့ပန်းရောင်သွေးပဲ လက်မြောက်ရသည်ချည်းသာ။ အိပ်ယာကထကာရေချိုးလိုက်ပြီး မနက်စာစားပြီးချိန်တွင် 7:15ရောက်နေပြီ၍ ကျူရှင်အား15မိနစ်နှင့်အရောက်ပြေးရတော့မည်ဖြစ်၏။

"နောက်ကျနေပြီလား ဦးသွေးဆိုင်ကယ်နဲ့လိုက်ပို့ပေးရမလား"

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now