part 33

1.2K 111 0
                                    

နောက်တစ်နေ့မနက်တွင် မနက်ခင်းပန်းသည်များ ပြန်သွားပြီးသိပ်မကြာခင်မှာပင် ခြံထဲကနေ ဆူညံနေသည့်ကားလေးသည်လည်း ထွက်သွားခဲ့သည်။ ဇိမ်းတို့သူငယ်ချင်းတစ်စုမှာ ရန်ကုန်ကလာထဲက ကားတစ်စီးထဲသာပါတာဖြစ်ပြီး သူတို့အတွက်အဆင်ပြေခဲ့သော်လည်း အခုတွင်မူ အနီသွေးနှင့်သူ့တူမလေးပါ ပါကာ အနည်းငယ်ကျပ်၍နေသည်။
ဇင်ကြီးက ကားမောင်းတဲ့သူအဖြစ်တာဝန်ယူရပြီး ကားကားကလည်းဘေးခုံတွင်ထိုင်လေတော့ မင်းစိုးမှာကား နောက်ခန်းထဲတွင် အနီသွေးနှင့် ဇိမ်းကြားညှပ်နေလေသည်။

ကနဦးကတော့ ဇိမ်း၏အကြံမှာသိသာလှသည်။ နောက်ခန်း၌ သုံးယောက်ထိုင်ရလျှင် သူက အနီသွေးနှင့်အနီး၌နေမည်။ သို့သော် အလိုက်မသိလှစွာသော မင်းစိုးသည် ထွက်ခါနီးနီးစဲစဲ၌ လောလော လောလောနှင့်ပင် ဇိမ်းမထိုင်သေးခင် ကားထဲဦးအောင်ဝင်သွားခဲ့သည်။ မင်းစိုးသည်လည်းနောက်မှစဥ်းစားမိကာ သူကနေရာပြန်လဲပေးချင်ပါသည့်တိုင် အနီသွေးရှေ့၌ ပေါ်ပေါ်ထင်ထင်လဲလိုက်၍လည်း မကောင်းတာကြောင့် ငြိမ်၍သာနေလိုက်ရတော့၏။ ဇိမ်း၏ အဓိပ္ပါယ်အပြည့်ပါသော အကြည့်များအားလည်း မမြင်ချင်ယောင်သာဆောင်နေခဲ့ရတော့သည်။

ကားထဲတွင်မူ တိတ်ဆိတ်နေကာ ပန်းရောင်သွေး၏ စပ်စပ်စုစုမေးမြန်းနေသည့်မေးခွန်းများနှင့် ပြန်ဖြေနေသည့်အနီသွေးအသံသာ ရှိနေခဲ့သည်။

သူတို့နေရာသည် ပြင်ဦးလွင်မြို့ပေါ်နှင့်ဆိုလှမ်းသော်လည်း ကားဖြင့်တော့အကြာကြီးမမောင်းရပါချေ။ ပွဲတော်ကာလဖြစ်၍လည်း အသွားလာများ များပြားလှသည်။ သူတို့ကားလေးက ဖြေးဖြေးသာမောင်းနှင်နေပြီး ကန်တော်ကြီးသို့ရောက်ခါနီးတွင်မှ တစ်လျောက်လုံးတိတ်နေသည့်ဇင်ကြီးက ပြောလာတော့သည်။

"ပန်းပွဲတော်က ဘယ်နှရက်ရှိတာလဲ လူအရမ်းများတာပဲ အပြန်ခါပြန်ထွက်လို့မှရပါ့မလား"

ဇင်ကြီးစကားကြောင့်သာ တစ်လျောက်လုံးတိတ်နေရသည့် ကျန်လူများမှာလည်း ပြောစရာတွေ့သွားကျတော့သည်။ ကားကားက ငိုက်မှေးနေရာကနေ မျက်မှန်ကိုဟန်ပါပါ ပင့်တင်လာပြီး...

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now