part 38

1.2K 114 1
                                    


ဇိမ်းကတော့ ဇင်ကြီးနှင့်ဘာဘာညာညာပြောနေရန်ပင် အချိန်မရှိတော့ပါချေ။ သူက ဖုန်းနဲ့ပိုက်ဆံအနည်းငယ်ကိုအလျှင်စလိုယူလိုက်ပြီး အောက်ထပ်ပြေးဆင်းခဲ့တော့သည်။

မဟုတ်မှ အနီသွေးက ဟိုနဒီခင်ဆိုတဲ့အမျိုးသမီးရဲ့ပြန်မြူဆွယ်တာကိုခံလိုက်ရပြီး သူမသဘောအတိုင်း နှင်းဆီခြံကိုရောင်းလိုက်တာလား။ ပြီးရင် သူတို့လက်ထပ်ကျတော့မှာလား။

ဇိမ်းအနေနဲ့ ဒါတွေကို အနီသွေးအားမေးဖို့လို၏။ ဒါက တကယ်ဆိုလျှင် အနီသွေးက သူ့ကိုမျှော်လင့်ချက်တွေမပေးခဲ့သင့်ပေ။ သူ အနီသွေးနှင့်ထိပ်တိုက်တွေ့ရန်လိုသည်။ ပြီးတော့ ထွက်သွားခွင့်လည်းမပေးနိုင်ပါချေ။

ဇိမ်း အောက်ထပ်ရောက်သောအခါ ဇိမ်း၏အလျှင်စလိုပြေးဆင်းလာမှုကြောင့် သူ့အဖေနှင့်အမေက သူ့ကိုလှမ်းကြည့်လာကျသည်။ ဟုတ်သားပဲ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ သူ့အဖေကုမ္ပဏီကိုမသွားဘူးပဲ။

"ဇိမ်းလေး ဘာဖြစ်လို့လဲ"

ဇိမ်းရဲ့အမေက ဦးအောင်မေးလာပြီး ဇိမ်းရဲ့အဖေကလည်း အဖြေကိုစောင့်နေသည့်အနေနှင့်ဇိမ်းအားကြည့်လာတော့သည်။ ရုတ်တရက် ဇိမ်းခေါင်းထဲတွင် လျှပ်စီးလျှပ်သလို အကြံတချို့ဖြတ်ပြေးသွားပါ၏။ သူက သူ့အဖေနဲ့အမေကို သွားဆွဲခေါ်လိုက်ပြီး....

"သားအခုအဲဇင်ကြီးနဲ့ဖုန်းပြောခဲ့တာ သားတို့ခုချက်ခြင်းသွားမှရမယ်"

ဇိမ်း၏စကားမှာ မပြည့်စုံပဲအလွန်စိုးရိမ်ဖွယ်ကောင်းပါ၏။ ဇိမ်းရဲ့အဖေနဲ့အမမှာ စိုးရိမ်သွားကျတော့သည်။ မဟုတ်မှ ဇင်ကြီးများ မတော်တဆဖြစ်လို့လား။ ဒါမှမဟုတ် ဇင်ကြီးမိဘများတွေများ တစ်ခုခုဖြစ်လို့များလား။
သူတို့က လျောက်တွေးကုန်တော့သည်။

ဇိမ်းမှာ သူ့မိဘတွေကို ကားဆီ ဆွဲခေါ်သွားပြီး အရင်ကားပေါ်တတ်စေကာ...

"သား လမ်းကျရှင်းပြမယ် အကုန်ရှင်းပြမယ်"

ဇိမ်းရဲ့အလောတကြီးအမူရာသည် သူတို့အားအယောင်ယောက်အမှားမှားဖြစ်စေ၏။ သူတို့ကားပေါ်ဝင်ထိုင်ပြီးချိန်တွင်တော့ ဇိမ်းကအလျှင်စလိုကားမောင်းထွက်ခဲ့လေတော့သည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now