part 42

1.3K 117 2
                                    


နေမွန်းတည့်ချိန်ကျော်သွားပြီးနောက်မှာတော့ ဇိမ်းမှာ အဒေါ်ကြီး၏အတင်းကျပ်ခေါ်မှုကြောင့် အောက်ထပ်ဆင်းရန်ပြင်တော့သည်။ သို့သော် သူနှင်းဆီခြံကိုကျောခိုင်းလိုက်သည့်ခဏမှာပဲ မျက်ဝန်းထောင့်ကနေ ရင်းနှီးသည့်ပုံရိပ်လေးတစ်ခုအား ဖြတ်ခနဲမြင်လိုက်ရ၏။
ထို့ကြောင့် ဇိမ်းပြန်လှည့်မကြည့်ပဲမနေနိုင်ပါချေ။ သူကြည့်လိုက်သည့်အချိန်မှာတော့ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုလေးများဖြတ်ပြေးသွားရတော့သည်။

သူ အဲဒီလိမ္မော်ရောင်သုံးဘီးလေးကို ရင်းရင်းနှီးနှီးသိတာပေါ့။ အရင်တစ်ချိန်တုန်းက သူက အဲဒီလိမ္မော်ရောင်သုံးဘီးပိုင်ရှင် ဦးလေးနဲ့အဒေါ်တို့နဲ့တောင် စကားပြောဖူးစရှိသေးတယ်။ ဒါပေမယ့် မတွေ့တာကြာလှရှိနေသလို ဦးသွေးတို့မရှိတော့ထဲက အဲဒီလိမ္မော်ရောင်သုံးဘီးလေးကလည်း နှင်းဆီခြံကိုထပ်ရောက်မလာတော့ဘူးလေ။

ဇိမ်းမှာ မျက်ခုံးတစ်ချက်လှုပ်သွားသလို နှလုံးခုန်သံမှာလည်း မြန်ဆန်လာရသည်။ ထိုသုံးဘီးပေါ်ကလူတွေ ဆင်းလာပြီး ခြံစောင့်ဦလေးနှင့်စကားပြောနေတာမြင်လိုက်သည့်ခဏမှာတော့ သူ အောက်ထပ်ပြေးမဆင်းတေု့ပဲမနေနိုင်တော့ပါချေ။

ထိုခြံရှေ့တွင်တော့ ဦးရှမ်းကြီးတို့လင်မယားနှင့် ပန်းရောင်သွေးသည် နှင်းဆီခြံထဲ ခဏတဖြုတ်ဝင်ကြည့်ရဖို့အရေး ကြိုးပန်းနေကျပါ၏။

အရင်တစ်ခေါက်က ဦးရှမ်းကြီးလမ်းကြုံဝင်ခဲ့သည့်အခါတုန်းက ဒီခြံစောင့်လူကြီးသည် အရင်ထဲကမျက်မှန်းတန်းမိသည့်လူများဖြစ်သည့်အတွက် နှင်းဆီခြံထဲခဏတဖြုတ်ဝင်ကြည့်ခွင့်ပြုခဲ့သော်လည်း ဒီတစ်ခါတော့ သူကငြင်းဆန်လာခဲ့သည်။ အနှီ ခြံစောင့်ဦးလေးက စိုးရိမ်နေသည့်မျက်နှာနှင့်ပင်...

"နောက်ရက်နည်းနည်းလောက်နေမှလာခဲ့ကျပါလား ဒီနေ့ အိမ်ပိုင်ရှင်ကောင်လေးရောက်နေလို့ သူက နှင်းဆီခြံထဲလူစိမ်းဝင်တာမကြိုက်ဘူး"

ပြောရရင် ဒီခြံစောင့်ဦးလေးနှင့်အဒေါ်ကြီးလင်မယားသည် အရင်ထဲက ဤအိမ်နှင်ခြံ၏ အစောင့်ရှောက်များဖြစ်ခဲ့ကျပြီး အိမ်နှင့်ခြံက နောက်လူလက်ထဲရောက်သွားတာတောင် သူတို့က ဤခြံထဲတွင်နေခွင့်ရနေတုန်းပင်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now