part 25

1.5K 190 16
                                    

နောက်တစ်မနက်ခင်းတွင်မူ နေမထွက်လာခင်အချိန်ထဲကပင် အနီသွေးရဲ့နှင်းဆီခြံလေးက အသံပေါင်းစုံနဲ့ဆူညံ့နေခဲ့သည်။
အော်သံတွေရယ်၊ ငေါက်သံတွေရယ်၊ ရယ်သံတွေရယ်၊ စကားသံတွေရယ်နဲ့ အငြင်းပွားသံတွေရယ်နှင့်စုံလို့..။

ပန်းရောင်သွေးတောင်မှပဲ အသံတွေကြောင့်စောစောနိုးလာပေမယ့် အိပ်ဆေးအရှိန်နဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အနီသွေးကတော့မနိုးခဲ့ပေ။ သူ့ခြံထဲတွင် ဘာတွေဖြစ်ပျက်နေသလဲကိုလှစ်လျူရှုကာ ကောင်းကောင်းကြီးကို အိပ်မောကျနေခဲ့သည်။ ပုံမှန်ထနေကျအချိန်ကျထက် အများကြီးနောက်ကျပြီးမှပဲ နိုးလာပြီး...

အနီသွေး အိပ်ရာမှနိုးနိုးချင်းတွင် မျက်ရိုးတွေကိုက်နေသလိုခံစားရကာ ချက်ခြင်းတောင်မထနိုင်ခဲ့ပေ။ မနေ့ညက ဟိုပြဿနာကောင်လေး တိုက်တဲ့ဝိုင်ရဲ့ပြင်းတဲ့အရှိန်နှင့် မျက်ခုံးကဒဏ်ရာရဲ့ဒဏ်က ရောသွားတာဖြစ်နိုင်သည်။ ညက ဘယ်လိုအိပ်ပျော်သွားလဲဆိုတာတောင် အနီသွေးမှတ်ဉာဏ်ထဲမှာ မရေရာ ဝိုးတဝါးနှင့်ပင်။

နိုးနိုးခြင်း အိပ်ရာထဲငြိမ်နေသေးပေမယ့် ခြံထဲကလို့ထင်ရတဲ့အသံတွေကြောင့် မနေနိုင်တော့ပဲ ထလိုက်ရပြီး အမြန်အပြင်ထွက်ခဲ့တော့ မြင်ကွင်းက အရမ်းကိုရှင်းလင်းစွာနှင့်ပင် နေနော်ဇိမ်းဆိုတဲ့တစ်ယောက်က ဦးဆောင်ကာ သူ့အပေါင်းပါတစ်သိုက်နှင့် ခူးပြီးသားနှင်းဆီပန်းတွေကို ကွပ်ပြစ်ပေါ်သယ်နေကျသည်တဲ့လေ။

အခု ထိုကလေးတသိုက်က အနီသွေး နှင်းဆီခြံထဲက နှင်းဆီတွေကို အနီသွေးခွင့်ပြုချက်မပါပဲ ထိလိုထိ၊ ခူးလိုခူးနေကျတာတဲ့လား။ လောကကြီးက တစ်ညထဲနဲ့ဘာတွေများဖြစ်ပျက်သွားပါလိမ့်။

ထိုမြင်ကွင်းကြောင့်ရော လင်းချင်းနေတဲ့ပတ်ဝန်းကြောင့်ရော အနီသွေးတော့ သူအိပ်ရာထအရမ်းနောက်ကျနေပြီဆိုတာကို ရိပ်မိသွားတော့သည်။ သို့ပေသည့် သူမရှင်းတာက ဒီကောင်လေးတွေက ဘာကြောင့် သူ့နှင်းဆီခြံကိုလုပ်ချင်တိုင်းလုပ်နေကျသလဲဆိုတာကိုပင်။

"ဦးသွေး! နိုးပြီးလား မျက်နှာသစ်လိုက်လေ ပန်းစည်းတာတော့ ကျွန်တော်တို့လုပ်တတ်မယ်မထင်ဘူး"

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now