part 50 (ဇာတ်သိမ်းပိုင်း)

4.2K 173 12
                                    

ထိုနေ့ညတွင် ဇိမ်းက အနီသွေးခြံဘက်သို့တိတ်လေးခုန်ပျံကျော်လွှားဝင်သွားခဲ့၏။
နောက်တော့သူက အနီသွေးကိုစာပို့ပြီး အိမ်အပြင်ထွက်လာခိုင်းခဲ့သည်။

နောက်တော့ အားလုံးခန့်မှန်းမိကျတဲ့အတိုင်း သူအနီသွေးကို ဖတ်လိုက်တော့တာပါပဲ။

အနီသွေးကတော့ တွန်းထုတ်တာပေါ့လေ။
သူက သူ့တူမလေးသာမတော်တဆမြင်သွားရင် ရင်မဆိုင်ရဲလို့ဖြစ်ကောင်းဖြစ်နိုင်လောက်မည်။ အချိန်ကညဘက်ကြီးဆိုတော့လည်း...။

ဇိမ်းကတော့ ပြုံးဖြီးနေခဲ့ပါပြီ။ သူက အနီသွေးကိုဖတ်ခွင့်မရရင်တောင် လက်တွေကိုတော့ ဆုပ်ကိုင်ထားခဲ့သေးသည်။

"ကျွန်တော်အရမ်းပျော်တာပဲ ပန်းသွေးက ကျွန်တော့်အပေါ်မရက်စက်ဘူးလို့ သိသားပဲ"

အနီသွေးမှာ သူ ဒီခွေးကောင်လေးအပေါ်မတရားမှန်းသိသည်။ သူ မသိချင်ယောင်ဆောင်နေပါသော်လည်း ဒီမျက်နှာနှင့်ဒီစကားများထွက်လာချိန်တွင် မမေးပဲမနေနိုင်တော့။

"မင်း ငါ့ကိုမမုန်းဘူးလား"

တွေးကြည့်ရင် သူတစ်ခါမက ဒီကောင်လေးအပေါ် မျှော်လင့်ချင်တွေပေးပြီးမှ ရိုက်ချိုးခဲ့မိတာလေ။

ဇိမ်းကတော့ အနီသွေးလက်ကိုဆုပ်ကိုင်ထားရင်းနှင့်ပင် ပြုံးကာပြန်ဖြေလာခဲ့ပါ၏။

"ကျွန်တော်မကြိုးစားခဲ့ဖူးလို့ ဦးသွေးထင်လို့လား ဒါပေမယ့် ချစ်နေတဲ့သူကိုမုန်းဖို့ကြိုးစားတာက ကောင်းကင်နဲ့မြေပြင်ကိုပြောင်းပြန်လှန်တာထက်တောင် ပိုခဲယှဥ်းနေဦးမယ် ဘယ်လိုမှမတတ်နိုင်ခဲ့ဘူးလေ ဒါကြောင့် ကျွန်တော်...ဦးသွေးကိုချစ်နေရုံအပြင်မတတ်နိုင်ခဲ့ပါဘူး"

ဇိမ်း၏စကားကြောင့် အနီသွေးမှာ တွေးဆဆနှင့် ကြည့်လာရင်း မေးလာခဲ့သည်။

"ကြိုးစားခဲ့သေးတယ်ပေါ့"

ဇိမ်းက စပ်ဖြီးဖြီးနှင့်ပြန်ဖြေခဲ့၏။

"ဘာလို့လဲ စိတ်မကောင်းဖြစ်လို့လား.."

"အင်း...စိတ်မကောင်းပါဘူး "

ဇိမ်း မေးတဲ့မေးခွန်းမှာ အဓိပ္ပါယ်တစ်မျိုးဖြစ်ပြီး အနီသွေး ဖြေတဲ့အဖြေမှာလည်း အဓိပ္ပါယ်တစ်မျိုးဖြစ်သည်။ အမေးနှင့်အဖြေက ကိုက်ညီတယ်ထင်ရသော်လည်း ဇိမ်းကတော့နားလည်ပါ၏။ သူက ချက်ခြင်းပင်အနီသွေးကို သိုင်းဖတ်လိုက်တော့သည်။ ထို့နောင် ပြောလိုက်၏။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now