part 19

1.7K 215 21
                                    


မင်္ဂလာရှိတဲ့မနက်ခင်းလေးပေါ့။
သို့ပေသည့် ဇိမ်းအတွက်ကတော့ အစောကြီးထရတာအဆင်ပြေမနေပါဘူး။ အအေးဒဏ်လည်းရှိတဲ့အပြင် အလင်းရောင်တောင် ကောင်းကောင်းမပွင့်သေးတဲ့အချိန်လေ။

ဒါပေမယ့်လည်း ဘယ်လိုလုပ်မလဲ။ ဒီအခွင့်ရေးကိုတောင် မနည်းယူထားရတာဆိုတော့ လက်လွတ်ခံလို့တော့မရဘူးပေါ့။

လက်ရှည်တစ်ထည်ကောက်စွပ်လိုက်ပြီးတော့ပဲ နှင်းဆီခြံဘက်လှမ်းခဲ့တော့တာ
ဦးသွေးက နှင်းဆီပင်တွေနားမှာတော့မရှိသေးဘူး။
သူကပဲအရမ်းစောနေလို့များလား။

မရောင်မလည်နဲ့ ခြံတံခါးနားရောက်သွားတော့မှ ဦးသွေးကိုတွေ့လိုက်ရသည်။

သွားကိုဖြီးနေအောင်ရယ်ပြပါရင်း...

"မောနင်းဦးသွေး နည်းနည်းအေးတယ်နော့"

အနီသွေးတောင် ခုနလေးမှနိုးလို့ ပန်းခူးဖို့အတွက်ပြင်ဆင်နေတုန်းဆိုတော့ စိတ်ထဲမှာတော့ဒီခွေးကောင်လေး ဝိရိယတော့ရှိသားလို့ တစ်ချက်တွေးမိသွားသည်။
သို့ပေသည့် အမူရာကိုထိန်းထားရင်းနှင့်ပဲ...

"ခြံတံခါးကသော့ခက်မထားဘူး.."

ထိုစကားက ဝင်လာခဲ့လို့ပြောသည်နှင့် ဘယ်မှာခြားနားလို့လဲ။
ဇိမ်းတို့ကတော့ စိတ်ထဲ အပျော်လိူင်းတွေတဝုန်းဝုန်းနဲ့ကိုနေတာပါပဲ။

"ဘာတွေလဲဦးသွေး.."

ကွပ်ပြစ်ပေါ်ကပစ္စည်းကိုကြည့်ပြီး မေးလိုက်တော့ ကတ်ကြေးလိုလို ပစ္စည်းအားဇိမ်းစီလှမ်းပေးရင်းဆိုလာသည်။

"ပန်းညှပ်တဲ့ကပ်ကျေးလေ မမြင်ဖူးဘူးလား"

"ဒါက အရက်ပြန်ထင်တယ်"

အရက်ပြန်တွေရောဂွမ်းထုတ်တွေရော တွေ့ရတာကြောင့် ဦးသွေးစကားကိုအရေးမလုပ်အားသေးပဲ​မေးလိုက်မိတော့ စပ်စုလိုက်တာဟူသော အကြည့်နှင့်ကြည့်လာသည့်ဦးသွေးပင်။

"ပန်းခူးပန်းခူးဆိုတိုင်း ကပ်ကြေးနဲ့ညှပ်ချလိုက်ရင်ပြီးသွားပြီထင်နေလား အရင်ဆုံး ကပ်ကျေးကိုအရက်ပြန်ပိုးသတ်ထားရတာ"

"တကယ်ကြီးလား ဘုရားစူးဦးသွေးပြောမှပဲသိတော့တယ်"

ကပ်ကျေးကိုတရူံ့ရူံ့နမ်းရင်းပြောနေတဲ့ ထိုကလေးစကားတွေကို အနီသွေးဂရုမစိုက်တော့ပဲ ပန်းခူးဖို့စတင်လိုက်ရသည်။ကပ်ကျေးနှစ်လက်ရှိနေလို့တော်သေးပေမယ့် ခုထိအဲဒီခွေးကောင်လေးကို သူ့အပင်တွေအထိခံရမှာဝန်လေးနေတုန်းပင်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now