part 39

1.2K 108 8
                                    

သဘောတူညီမှုရပြီးနောက်တွင် ဇိမ်း၏မိဘတွေက ကားကိုအလျင်စလိုမောင်းခြင်းကိုခွင့်မပြုတော့ပါချေ။ ဇိမ်းကိုမကြာခဏနားစေခဲ့သည်။ ထို့ကြောင့် ဇိမ်းမှာ နောက်တစ်နေ့မနက်ဝေဆီဝေလင်းမှသာ ရောက်သွားတော့သည်။

ရောက်ရောက်ခြင်းမြင်ကွင်းကတော့ ဇိမ်းရင်ကိုဆောက်နဲ့ထွင်းလိုက်သလိုပါပင်။ ပစ္စည်းအပြည့်တင်ထားသော ကားတစ်ဆင်းသည် ခြံရှေ့တွင်ရပ်ထားပြီး အိမ်ပြောင်းတော့မည်ဟူ၍ သံသပင်ဝင်စရာမလို။ နောက်ထပ်ပြီးတွေ့လိုက်ရသည်က ပန်းရောင်သွေးကိုလက်တွဲပြီးထွက်လာသည့်အနီသွေးပင်။

ဇိမ်းမှာ ကားထဲကနေအလျှင်မြန်ထွက်လိုက်ပါ၏။ အချိန်ကဝေတီဝေလင်းဆိုရင်တောင် အနီသွေးက ထိုကားကိုရော ဇိမ်းကိုမြင်ရောမြင်နိုင်ပါသေးသည်။ သူက ဦးစွာဘာမှမတုန့်ပြန်နိုင်အောင်ပင် ကြောင်အသွားရသည်။ ရုတ်တရက်သူ လွှတ်ခနဲမေးလိုက်မိသည်မှာ...

"မင်း ဘယ်လိုလုပ်ရောက်လာတာလဲ"

ဇိမ်းမှာလည်း ပြောဖို့မစောင့်နိုင်တော့ပါချေ။ သူက အနီသွေးနားအလျှင်စလိုသွားလိုက်ပြီး...

"ကျွန်တော်အခုမှရောက်မလာရင် ဦးသွေးကိုဖမ်းလို့မိမှာမဟုတ်တော့ဘူးလေ ဟုတ်တယ်မလား"

အနီသွေးမျက်နှာက မကောင်းတော့ပါချေ။ သူက ဇိမ်းမသိခင် တိတ်တိတ်လေး ထွက်သွားချင်သည်မှာ သိသာလှ၏။
ခြံအပြင်တွင် အိမ်ပြောင်းဖို့ငှားရမ်းထားသည့်ကားသမားနှစ်ယောက်နှင့် ဇင်ကြီးတို့ခြံဘက်က ခြံစောင့်လေးလေးတို့လင်မယားအပြင် အနီသွေးကိုအိမ်ပြောင်းဖို့လာကူပေးသော မန္တလေးက ပန်းပင်သည်ဦးလေးတို့ပါရှိနေသည်။

ထို့အပြင် ကားထဲက ဇိမ်း၏မိဘတွေမှာလည်း အပြင်ကိုချောင်းနေကျပါ၏။ ကားမှန်က အတွင်းဘက်ကနေအပြင်ကိုမြင်နိုင်သော်လည်း အပြင်ကနေကြည့်လျှင်တော့ အထဲကလူကိုမမြင်ရနိုင်တာမလို့ သူတို့က အပြင်ကိုတိတ်ညီလက်ညီ ကြည့်နေကျခြင်းပင်။ သူတို့သိချင်ပါ၏။ သူတို့သား သဘောကျရတဲ့လူက ဘယ်လိုပုံစံမျိုးလဲဆိုတာ။ ဘယ်လောက်တောင် ချောမောနေလို့ သူတို့သားက ယောင်္ကျားချင်းတောင် နှစ်ခြိုက်ရတာလဲ။ မိန်းမတွေတောင် အရှုံးပေးရမယ့် ပြိုင်စံရှားအလှလေးများလား။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now