အပိုင်း (၆)

3.3K 362 7
                                    

အပိုင်း (၆)

သို့ဖြင့် အဝတ်စားလဲပြီးသည်နှင့် ဇိမ်းတစ်ယောက် နှင်းဆီခြံသို့ဦးတည်ကာ ထွက်လာခဲ့တော့သည်။ သူနှင်းဆီခြံနှင့် နီးလာလေ ခပ်သင်းသင်းနှင်းဆီရနံ့တွေကလည်း ပိုပြင်းပြင်းရလာလေဖြစ်ပြီး ဒါကိုသူ့ကို တစ်မျိုးလေးတောင်စိတ်လှုပ်ရှားလာစေ၏။

ခြံထဲသို့ လူရိပ်တကြည့်ကြည့်နှင့် ခြံဝထိရောက်လာခဲ့သော်လည်း လူရိပ်လူယောင်ပင် မမြင်ရတာဖြစ်လို့ နှင်းဆီပင်တွေကိုကျော်ပြီး အိမ်လေးဆီစပ်စပ်စုစုလှမ်းကြည့်နေတုန်းမှာပင် လူတစ်ယောက်၏ပုခုံးနီးပါးလောက်ထိမြင့်သည့် နှင်းဆီပင်တွေရဲ့အောက်နားမှာ လှုပ်ရှားနေပုံရသည့် တစ်စုံတစ်ခုကိုတွေ့လိုက်ရသည်။ ဇိမ်း သေချာကြည့်လိုက်တော့မှ နှင်းဆီပင်တွေကြားတွင် မြေကြီးပေါ်ထိုင်ကာ အရုပ်လေးများနှင့်ဆော့ကစားနေသော ကလေးမလေးဖြစ်ကြောင်း တွေ့ခဲ့ရပြီး ဒီကလေးမလေးက သူနေ့ခင်းက လှမ်းတွေ့ခဲ့တဲ့ ကလေးမလေးပဲဖြစ်နိုင်တာကြောင့် လှမ်းခေါ်လိုက်၏။

"​ဟေ့.. ကလေးရေ...ဟေး.. "

အသံကြား၍ထင် နှင်းဆီပင်တွေကြားကနေ ခေါင်းလေးပြူထွက်ကြည့်လာသည့် ကလေးလေးက ဖြူဖြူဥဥလေးနှင့် တကယ့်ကိုချစ်စရာလေးဖြစ်ကာ မှင်ရည်လို နက်ရွှန်းနေသည့် မျက်ဝန်းကြီးများဖြင့် ဇိမ်းကိုစပ်စုသလိုကြည့်နေရှာသည်။ ဇိမ်းကမူ စပ်ဖြီးဖြီးဖြင့်...

"ဒီကိုလာခဲ့ ဒီမှာရုပ်ချောတဲ့အကိုကြီးရှိတယ်လေ "

သူမလေးက ဒါကိုကြားတော့ ဇိမ်းကို ပေါ်တင်ပင် စပ်စပ်စုစုကြည့်နေပြီး ဇိမ်း ခေါ်လွန်းမကခေါ်တော့မှပဲ ကစားနေသည့်အရုပ်လေးတွေကို ချခဲ့ကာ မရဲတရဲနှင့်ဇိမ်းထံလှမ်းလာတော့သည်။ ဇိမ်းကတော့ သူမလေးနဲ့အညီဖြစ်သွားအောင် ထိုင်လိုက်ပြီး  သူတို့ကြားကာထားတဲ့ သံတိုင်တံခါးက သံချောင်းတွေကိုကိုင်ကာ  အချိုဆုံးပြုံးထားရင်းသာ မေးလိုက်၏။

"သမီးနာမည်က ဘယ်လိုခေါ်တာလဲ"

"သမီးနာမည်ကနှစ်ခုရှိတာ ပန်းရောင်သွေးရယ် နီနီရယ် "

ဇိမ်းက ဒီကလေးမလေးက လူသိပ်မကြောက်တတ်ဟုထင်မြင်ခဲ့သော်လည်း သူကအရမ်းကိုလူကောင်းသူကောင်းရုပ်ပေါက်နေ၍ ကလေးတွေကမကြောက်တာဟုလည်း အရှက်မရှိစွာ ထင်မြင်ခဲ့သေးသည်။ သူက ကလေးမလေးကိုထပ်မေးလိုက်ပြီး...

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now