part 46

1.4K 112 1
                                    


ပန်းရောင်သွေးမှာ ထိုနေ့တစ်နေ့လုံး အခန်းတွင်းအောင်းနေခဲ့သည်။ သူကစာကြည့်ရန်လည်းစိတ်မပါသလို၊ TVကြည့် လိုင်းသုံးရန်လည်း စိတ်မပါခဲ့ပါချေ။ မနက်ခင်းက ဦးသွေးက သူ့ကိုဖြစ်ကြောင်းကုန်စင်ပြောပြခဲ့၏။ ဦးသွေးပြောတာနားထေယင်ရသလောက်တော့ အဲဒီလူက ဦးသွေးကိုသိပ်ချစ်တဲ့ပုံပင်။ သူ(ဇိမ်း)က ဦးသွေးထားခဲ့တာတောင် ယုံကြည်ချက်ရှိရှိနှင့်စောင့်မျှော်နေခဲ့သည်။ ဦးသွေးသူ့(ဇိမ်း)ကိုထားခဲ့သည့်အကြောင်းရင်းမှာ သူ(ပန်းရောင်သွေး)ကြောင့်ဟူသည်က ထင်ရှားပါသော်လည်း သူ့(ပန်းရောင်သွေး)ကိုမုန်းတီးပုံမရ။ သူ့(ဇိမ်း)ရဲ့ပုံစံက ဦးသွေးဘယ်သူ့အတွက်ပဲတွေးတွေး ဦးသွေးအနားမှာနေရလျှင် ပျော်ရွှင်နေမည့်လူစားမျိုးဖြစ်လောက်မည်။

ဒီနေ့ခေတ်ကြီးထဲ လူတစ်ယောက်က ကိုယ့်ကိုအဲလိုမျိုးချစ်နေပေးတဲ့သူမျိုး တစ်ယောက်လေးရှိရန်တောင် ကံသိပ်မကောင်းလှပါချေ။ ဒါက ဘဝတစ်ခုလုံစာမှာတောင် တစ်ယောက်ရရှိရန်ခက်ခဲလွန်းလှသည်။ ပန်းရောင်သွေးမှာ အခုတော့ အနီသွေးရဲ့အမေအိုကြီးလိုပင် ပူပန်သောကရောက်နေရတော့သည်။ သူက gayကိုလက်ခံနိုင်တယ်ထားပါတော့ တစ်ဖက်မှာ သူ့ဦးလေးကိုဘယ်သူ့ကိုမှခွဲဝေမပေးချင်ပါပေ။ ဒါကလောဘကြီးတာလားဆိုရင် တကယ်ကိုလောဘကြီးတာပါပင်။ တစ်ဖက်မှာလည်း သူ့ရဲ့ဦးလေးအပေါ် ဒီလိုစိတ်ရင်းမှန်နှင့်ချစ်ခြင်းမေတ္တာများပေးနိုင်သူနှင့် လက်တွဲစေချင်ပြန်သည်။ ဒါမှသာ သူ့ရဲ့ဦးလေးက တစ်သက်လုံးပျော်ရွှင်ရလိမ့်မည်။

ပန်းရောင်သွေးမှာ ကုတင်ပေါ်၌ ဝမ်းလျားမှောက်လျက် စိတ်နှစ်ဖက်ကြား ခေါက်တွန့်ခေါက်ပြန်ကူးခက်နေပါ၏။ သူ့ဦးလေးပြောပုံအရဆိုရင် သူ့သဘောမတူပဲဘာမှလုပ်မည်မဟုတ်ပါချေ။

ပန်းရောင်သွေးမှာ သက်ပြင်းရှည်ကြီးသာချလိုက်မိသည်။ဒီပုံစံနဲ့တော့ သူဆံပင်တွေဖြူလာတော့မှာပဲ။

အခန်းထဲက သူ့ဦးလေးဝယ်ပေးထားတဲ့အရုပ်များနှင့်ပစ္စည်းများကိုကြည့်ရင်း ပန်းရောင်သွေးမှာဝမ်းနည်းလာပြန်သည်။ သူက တစ်ကိုယ်ကောင်းဆန်ကာ သူ့ဦးလေးကိုတစ်ယောက်ထဲအပိုင်စီးထားချင်ပါ၏။ သို့သော် တစ်ဖက်မှာလည်း သူ့ဦးလေးကိုသူနှစ်သက်ရသူနဲ့ပျော်စေချင်သေးသည်။ သူ့ကြောင့်နဲ့ ကွေကွဲသွားရတာမျိုးလည်းမဖြစ်စေချင်။ဒါမျိုးက ဝဋ်လည်တတ်သညိဟု သူကြားဖူးခဲ့သည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now