part 36

1.1K 121 0
                                    

နောက်တစ်နေ့မနက်စောစောတွင်ပင် ဇိမ်းတို့ကားလေးသည် ရန်ကုန်သို့ပြန်ဖို့ရာအတွက် ခြံဝသို့ရောက်နေပြီဖြစ်သည်။ ဇိမ်းမှာလုံးဝမျက်နှာမကောင်းပါချေ။ အနီသွေးက ပန်းရောင်သွေးနှင့်အတူထွက်နုတ်ဆက်ခဲ့သလို ခြံစောင့်ဦးလေးနှင့်အဒေါ်ကြီးတို့လင်မယားကလည်း ထွက်၍နုတ်ဆက်ခဲ့ကျသည်။

ကားလေးတဖြေးဖြေးအဝေးရောက်သွားသည်ကိုကြည့်နေကျရင်း ခြံစောင့်ဦးလေးမှာအနီသွေးနှင့်စကားအနည်းငယ်ပြောနေခဲ့သည်။ အနီသွေးကလည်းမငြင်းဆန်ခဲ့ပါချေ။ အဒေါ်ကြီးမှာ အဝေးသို့ရောက်သွားပြီဖြစ်သော ကားလေးအားတစ်ချက်ပြန်လှမ်းကြည့်လိုက်မိသည်။ ဤနေရာသည် အရင်ကဆိုလျှင် တိတ်ဆိတ်နေ၍ ခြံခြင်းကပ်လျက်ကလူများပင် မခေါ်မပြောခဲ့ပဲ ခြောက်ကပ်၍နေခဲ့သည်။ အနှီကလေးများရောက်လာပြီးချိန်ကစ၍ ကွဲပြားသွားမှုသည် သူတို့ပြန်သွားသည့်တိုင် ရှိနေခဲ့သည်။

ကားပေါ်က ဇိမ်းကတော့ လုံးဝအဆင်မပြေပါချေ။ သူကရုတ်တရက်ကြီး ငိုချင်လာတော့သည်။ ရန်ကုန်နှင့် ပြင်ဦးလွင်မှာ အလွန်ပင်ဝေးလွန်းသည်။ ကြားထဲ၌မိုင်ပေါင်းများသွာကြားခံနေကာ အလွန်မင်းသတိရပါလျှင်တောင် ပြေးတွေ့၍မရသော အကွာဝေးမျိုးဖြစ်၏။ သို့သော် သူမပြန်လို့လည်းမရပါချေ။ သူ့၏အဖေနှင့်အမေက ဒီနေ့ပြန်မလာလျှင် သေချာပေါက် ကရိန်းနှင့်လာဆွဲခေါ်လိမ့်မည်။

အဝေးပြေးလမ်းမပေါ်က ကားလေးသည် အလာတုန်းကအတိုင်း ဆူညံ့စွာပင်ရှိနေသော်လည်း ထိုထဲတွင် ဇိမ်းတော့မပါတော့ချေ။ ကျန်လူများမှာလည်း ဇိမ်းအားမနှောက်ယှက်ချင်၍ လွှတ်ပေးထားလိုက်ကျပြီး သူတို့အချင်းချင်းသာ ဤသုံးလထဲ၌ ကြုံတွေ့ခဲ့ရသောအကြောင်းရာများပိုပျော်ရွှင်စွာ ပြောနေကျသည်။ ထိုအကြောင်းရာများထဲတွင် သူတို့ခေါင်းကွဲခဲ့တာလည်းအပါအဝင်ပါပင်။

သူတို့က အလောသုံးဆယ်ခရီးသွားတတ်ကျသူတွေမဟုတ်တာကြောင့် နောက်တစ်နေ့ နေလယ်ပိုင်းမှသာ ရန်ကုန်ကိုပြန်ရောက်တော့သည်။ ကားလေးက ဇင်ကြီးအိမ်ရှေ့၌ရပ်သွားသည့်အခါ ဇိမ်းမှာ အိမ်က လာခေါ်ခိုင်းလိုက်သည့် ဒရိုင်ဘာကိုတွေ့လိုက်ရတော့၏။ သူ သူငယ်ချင်းတွေနှင့် ဇင်ကြီးမိဘတွေအား ဝင်နုတ်ဆက်လိုက်ပြီးနောက်မှာတော့ အိမ်သို့ပြန်ခဲ့လိုက်တော့သည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now