အပိုင်း (၃)

4.2K 460 20
                                    

အပိုင်း (၃)

ဇိမ်းတို့သူငယ်ချင်းလေးယောက် ဦးတည်ရာသို့ ရောက်ချိန်တွင် မွန်းတည့်နီးနီးပင်ရှိနေပြီဖြစ်သည်။
ရန်ကုန်ကနေ ညနေပိုင်းလောက်တည်းကထွက်လာကျသည်ဖြစ်သော်လည်း တစ်ညနဲ့တစ်မနက်မောင်းရသည်ထိ လမ်းတွင်ဝေ့ဝိုက်နေခဲ့ကျတာလည်းဖြစ်၏။
ဇိမ်းနှင့် မင်းစိုးမှာ ဤသို့ ခရီးရှည်ဖြစ်မည်ကို ရိပ်မိ၍ ကားမောင်းဖို့လူခေါ်ခဲ့ချင်​သော်လည်း ဇင်ကြီးနှင့် ကားကားမှာမူလက်မခံခဲ့တာကြောင့် တစ်လမ်းလုံး သူတို့နှစ်ဦးသာမောင်းစေပြီး ဇိမ်းနှင့်မင်းစိုးမှာ နည်းနည်းလေးမှကူမမောင်းခဲ့ပေ။

ထို့ကြောင့် ရောက်ရောက်ခြင်း၌ပင် ထိုနှစ်ဦးက ပင်ပန်းသည်ဟုဆိုကာ ၎င်းတို့အခန်းများထဲသို့ အနားယူရန် ကိုယ်စီဝင်သွားကျသော်လည်း မင်းစိုးနှင့်ဇိမ်းမှာမူ အလွန်လန်းဆန်းလျက်
အိမ်ကိုလှည့်ပတ်ကြည့်ရန် အပေါ်ထပ်သို့တတ်လာခဲ့ကျသည်။

"ဝါး...မြင်ကွင်းကမိုက်လိုက်တာ"

ဝရံတာဘက်မှလာသည့် မင်းစိုးအသံကြောင့် ဇိမ်းလည်း လိုက်သွားကြည့်တော့ မျက်စိရှေ့ကမြင်ကွင်းကြောင့် အံအားသင့်သွားခဲ့ရ၏။ သူသည် ခြံထဲဝင်လာထဲက ထိုနှင်းဆီခြံအား မြင်ခဲ့ပြီးဖြစ်သော်လည်း ယခုလို အပေါ်စီးမှမြင်ရသည့် မြင်ကွင်းနှင့်တော့ လုံးဝကိုကွာခြားနေတာဖြစ်သည်။

ထိုနှင်းဆီခြံကပဲ ခြံရဲ့အလယ်မှာဖြစ်နေ၍လား ဒါမှမဟုတ် ထိုနှင်းဆီခြံကပဲ ဝရံတာနှင့်တန်းတန်းမှာပဲဖြစ်၍လားတော့မသိ ကြည့်ရသည်က လုံးဝကိုကွက်တိဖြစ်လွန်းနေ၏။ ချိန်ပြီးဆောက်ထားရင်တောင် လွဲချင်လွဲနေလိမ့်ဦးမည်ဖြစ်ပေမယ့် ဒါက တကယ်ကြီးကို...ပနံသင့်နေတာလို့ပြောရမလား?

မျက်စိရှေ့တည့်တည့်က ထိုနှင်းဆီခြံမှာ တခြားနှင်းဆီအရောင်တွေလည်းရှိသည့်တိုင် အနီရောင်အဖူးအပွင့်တွေကအများဆုံးဖြစ်၍ ရုတ်တရက်ကြည့်လျှင် ပန်းခင်းတစ်ခုလုံးမှာအနီရောင်ပြေး၍နေသလိုပင်ထင်ရပြီး ဒီဘက်ခြံဘက်က ဥယျာဉ်အဖြစ်စိုက်ထားသည့် အပင်စိမ်းစိမ်းစိုစိုများနှင့် ကာရံထားသလိုဖြစ်သဖြင့် မြင်ကွင်းကတကယ်ကို လှပနေတာကာ လိုက်ဖက်နေတာပင်။ အကယ်၍ ထိုနှင်းဆီခြံကိုသာ ကာရံထားသည့် သံတိုင်တွေသာမရှိတော့ပါက ထိုနှင်းဆီခြံမှာ လုံးဝကို ဥယျာဉ်ထဲ၌ အသားကျသွားနိုင်သည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now