1

6.9K 409 28
                                    

"ဝမ်ရိပေါ် ဟိုမှာ မင်းလင်" ကျိုးချန်ရဲ့စကားကြောင့် စိတ်ပျက်လက်ပျက်နဲ့ စုပ်တစ်ချက်သက်မိရတယ်။

မင်းလင်ဆိုတဲ့သူကို လှည့်ကြည့်စရာမလိုလောက်အောင် ဘယ်သူမှန်းသိနေခဲ့ပြီးသား...

"ဟိုင်း ရိပေါ်လေး! ဘာလုပ်နေလဲ"

"ဝဋ်ကြွေးတွေဆပ်နေတယ်!"

"ဟာ...ရိပေါ်လေးက ရက်စက်ပြီ! ကိုယ့်ယောက်ျားကိုယ် အဲ့လိုပဲပြောရလား!"

"ရှောင်းကျန့်! ခင်ဗျား!"

"အင်း...ကိုယ် မင်းယောက်ျား!"

ထိုလူက ရှောင်းကျန့်! ရိပေါ်တို့ ပေကျင်းတက္ကသိုလ်ရဲ့ကျောင်းချစ်သူကြီး...

တတိယနှစ်ရဲ့ repeater... တစ်တန်းကို နှစ်နှစ်တက်တဲ့ ကျောင်းပျော်ကြီး။ အခု တတိယနှစ် ဒုတိယအကြိမ်ကို ရိပေါ်နဲ့အတန်းတူတူမို့ ရိပေါ်ထက် ခြောက်နှစ်ကြီးတဲ့ စီနီယာ။

ထိုစီနီယာဟာ စိတ်ညစ်ဖို့ကောင်းလောက်အောင် ရိပေါ်နောက် လိုက်ကပ်နေတတ်ပြီး ရိပေါ်ကိုလည်း ပိုင်စိုးပိုင်နင်း လက်ရဲဇက်ရဲ၊ပါးစပ်ရဲက ပြုမူသေးတယ်။

အခုလို ရိပေါ်ကို "သူ့ယောက်ျား"လို့ ပြောတတ်တာမျိုးပေါ့။ တကယ်တမ်းကျတော့ သူ့မှာ ကောင်မလေးတွေ မှိုလိုပေါနေတတ်တာ တစ်ကျောင်းလုံးအသိ...

ရိပေါ်ကို သက်သက်မဲ့ကို အနှောင့်အယှက်လိုက်ပေးနေလို့ ရိပေါ်ကလည်း သူ့ဆို အကန်တွေပဲ ပြန်ပြောတတ်တယ်။

"ကိုယ့်ယောက်ျားလေးက စိတ်တွေဆိုးနေလိုက်တာ ကိုယ့်ကိုစကားတောင်ပြန်မပြောနိုင်တော့ဘူး"

"ရှောင်းကျန့်! ယောက်ျား ယောက်ျားနဲ့ လီးဖြစ်နေလား!"

ကဲ! ဝမ်ရိပေါ် ဆဲမိပြီ! ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ဆဲမိပါပြီ။

"ဟား... ကိုယ့်ကို အသည်းယားအောင်လုပ်နေတာပဲ မင်းလေးက" ပါးဖောင်းဖောင်းလေးကို ဖျစ်ညှစ်ကာ ပြောနေတဲ့ရှောင်းကျန့်ပုံက မသိရင် ဝမ်ရိပေါ်ကို အရမ်းချစ်တဲ့ ချစ်သူလို့ထင်ချင်စရာ။

အဲ့လို လက်ရဲဇက်ရဲတွေကို မကြိုက်တာ!

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဝမ်ရိပေါ်တို့ဝိုင်းကို ကြည့်ပြီး တိုးတိုးတိတ်တိတ်နဲ့ အတင်းပြောနေကြသူတွေက ခပ်များများရယ်...

Kiss Me QuickWhere stories live. Discover now