21

1.4K 154 26
                                    

"ကျွန်တော် မလုပ်နိုင်ဘူး"

ရှောင်းကျန့်ရဲ့ အငြင်းစကားကြောင့် ရှောင်းကတော် ဒေါသထွက်သွားတယ်။ တစ်သက်လုံး သူပြောသလိုနေလာတဲ့ ကလေးက ဒီနောက်ပိုင်းမှ အချိုးတွေပြောင်းနေတာ သူမကို စိတ်ပျက်စေတယ်။ ဒါကလည်း ဘာမဟုတ်တဲ့ ယောက်ျားတစ်ယောက်အတွက်နဲ့တဲ့။

"မလုပ်လို့မရဘူး။ မင်းအချိန်လိုတယ်ဆိုလို့ အေးအေးဆေးဆေးပေးထားခဲ့တာ ဒီလို အငြင်းစကားထွက်လာဖို့မဟုတ်ဘူး ရှောင်းကျန့်"

"ကျွန်တော် အချိန်လိုတာ စဉ်းစားမယ်လို့ ပြောခဲ့တာပါ။ ဘယ်တုန်းကမှ လက်ခံမယ်လို့မပြောခဲ့ဖူးဘူး။ အခုကျွန်တော့်မှာ ကျွန်တော့် သွေးသားရှိနေပြီ။ မားလက်မခံချင်လည်း သားသားက ကျွန်တော့်သွေးသားဆိုတဲ့ အမှန်တရားက ပြောင်းလဲသွားမှာမှမဟုတ်တာ"

ရှောင်းကျန့် သူ့အမေကို သည်းမခံချင်တော့ဘူး။ ငယ်ငယ်ကတည်းက သူ့အမေရဲ့ပြောစကားအတိုင်း တသွေမတိမ်းနေထိုင်ခဲ့တာ ဒီနေ့ဒီလို အချုပ်ချယ်ခံဖို့မှ မဟုတ်ခဲ့တာ။ 

"ဘာပဲဖြစ်ဖြစ် မင်း လီယွင်နဲ့ ကလေးယူကိုယူရမယ်"

"လုပ်ကိုမလုပ်နိုင်ဘူး"

"မင်း!"

ရှောင်းကတော်က ဒေါသဖြစ်လွန်းစွာပဲ ထိုင်နေရာကထလို့ ရှောင်းကျန့်မျက်နှာကို ရိုက်ချလိုက်တယ်။

ရှောင်းကျန့်ရဲ့ ဒီလို မထုံတတ်သေးပုံစံက သူမကို သွေးတက်စေတယ်။

"မင်း အမေကို..."

ရှောင်းကတော်က ပြောနေရင်းနဲ့ပဲ ခွေကျသွားတာမို့ ရှောင်းကျန့်မှာ ပျာပျာသလဲထပြီးထူပေးရတယ်။ ချောင်လီယွင်ကလည်း သူမနေရာကနေ ထလာပြီး ရှောင်းကတော်ကို တွဲပေးထားတယ်။

"ဒေါက်တာ့ကို ဖုန်းဆက်ပေးပါဦး"

ချောင်လီယွင့်ကို ပြောပြီး ရှောင်းကတော်ကို ပွေ့ချီကာ အခန်းထဲပို့ပေးလိုက်တယ်။ အနည်းငယ် နီစပ်စပ်ဖြစ်နေတဲ့ မျက်နှာအနေအထားကိုကြည့်ရင်း မားဘယ်လောက်ထိ စိတ်ဆိုးသွားလည်းဆိုတာ ရှောင်းကျန့်သိတယ်။ ဒါပေမယ့် အလျှော့ပေးနိုင်လားဆိုတော့လည်း မလုပ်နိုင်ပြန်ဘူး။ တစ်ဖက်မှာ ရင်းထားရတာက သူ့နှလုံးသား၊ သူ့ဘဝ၊ သူ့အနာဂတ်၊ သူ့ရဲ့အရာရာဖြစ်တဲ့ ဝမ်ရိပေါ်လေးနဲ့သားသား။

Kiss Me QuickWhere stories live. Discover now