18

1.1K 168 17
                                    

"ငါအပိုတွေမပြောချင်တော့ဘူး မင်းလည်း ဉာဏ်ကောင်းတဲ့ သူတစ်ယောက်ပဲ။ ငါဆိုလိုချင်တာကို နားလည်မှာပါ"

ရှောင်းကတော်က ကြွကြွရွရွလေးထိုင်နေရက်ကပဲ ပြောလာတယ်။ ရှောင်းကျန့်ထွက်သွားပြီး မကြာ။ ရိပေါ်ဖုန်းကို နံပါတ်အစိမ်းတစ်ခုက ဆက်လာတာကြောင့် ကိုင်လိုက်တော့ တခြားသူမဟုတ်ဘဲ သူ့ကိုအသိအမှတ်မပြုတဲ့ ယောက္ခဖြစ်သူဖြစ်နေခဲ့တာ။

အပြင်ကိုချိန်းဆိုလာတာမို့ အဝေးသွားဖို့အဆင်မပြေတဲ့ ရိပေါ်က သူတို့အိမ်နားက ကဖေးတစ်ခုကိုပဲ ချိန်းဆိုလိုက်ရတယ်။ မေ့ကျဲကိုလည်း ပြောရမှာ အားနာနေတာကြောင့်ရော နေရာကလည်း သိပ်မဝေးတာကြောင့်ရော ရိပေါ်ကိုယ့်ဟာကိုယ်ပဲ ထွက်လာခဲ့ဖြစ်တယ်။

ရှောင်းကတော်ကတော့ မပြောင်းစွာပင် ဝမ်ရိပေါ်ကို မုန်းနေတုန်းပါပဲ။

ရိပေါ်ကလည်း ထွေထူးပြီးတော့ ဂရုစိုက်မနေ။ သူဂရုစိုက်တာ တစ်လောကလုံးမှာ ရှောင်းကျန့်တစ်ယောက်ပဲရှိတာမို့ ရှောင်းကျန့်ကိုပဲကြည့်ပြီး ရှေ့ဆက်သွားဖို့မျှော်လင့်ခဲ့ပြီးသား။

သူ့ရှေ့က သိပ်ကို အထက်စီးဆန်လွန်းလို့ ရှောင်းကတော်ကိုကြည့်ပြီး ဝမ်ရိပေါ်ပြုံးမိရပါရဲ့။

"ကျွန်တော်က သဘောမတူဘူးဆိုရင်ရော"

ကော်ဖီခွက်ကို ကိုင်ထားရက်ကပဲ မျက်လုံးပင့်ကြည့်လာတဲ့ ရှောင်းကတော်ရဲ့အကြည့်တွေက 'မင်းတားရဲလား' ဆိုတဲ့ ခြိမ်းခြောက်နေတဲ့အကြည့်တွေ။

"ကျွန်တော် ဘာလို့ မတားရဲရမှာပါလဲ ခင်ဗျ။ ရှောင်းကျန့်က ကျွန်တော် တရားဝင်လက်မှတ်ထိုးယူထားတဲ့ ကျွန်တော့်ယောက်ျားပဲ။ သေချာပေါက် တားရဲတာပေါ့ဗျာ"

ဝမ်ရိပေါ်ရဲ့ စကားတွေက ရှောင်းကတော်ကို မျက်နှာပျက်သွားစေတယ်။ သို့သော်လည်း ဟန်ဆောင်ကောင်းသူပီသစွာပဲ အပြုံးတစ်ခုကို ချက်ချင်းပန်ဆင်လို့ သူ့ဝသီအတိုင်း စကားတွေနဲ့ တိုက်ခိုက်ပါတော့တယ်။

"ဒါဆိုရင်တော့ မင်းအတ္တကြီးတာ ဖြစ်သွားပြီပေါ့။ ငါတို့က ရှောင်းကျန့်ရဲ့သွေးသားကို လိုချင်ရုံလေး။ ရှောင်းမိသားစုရဲ့ မျိုးဆက်ကိုလိုချင်ရုံလေး"

Kiss Me QuickWhere stories live. Discover now