19

1.2K 146 16
                                    

အိမ်ပြန်လာတဲ့ လမ်းတလျှောက်လုံး ငိုလာခဲ့တဲ့ ဝမ်ရိပေါ်က အိမ်ရောက်တဲ့အထိ အငိုမရပ်နိုင်။

ခံစားရပါသည်။ ချစ်သူရဲ့ သံသယတွေ၊ မယုံကြည်မှုတွေက ရင်ကိုဆူးတွေနဲ့ထိုးနေသလိုကို ခံစားနေရသည်။

ဘာမှဆက်လုပ်ဖို့မဖြစ်နိုင်တော့တဲ့အချိန်မှာ အရင်ဆုံးသတိရမိတာကတော့ အဆက်အသွယ်မလုပ်ဖြစ်တာ ကြာပြီဖြစ်တဲ့ နယ်ကမိသားစုဆီကို။

ဖုန်းဆက်ချင်စိတ်က ကြီးစိုးနေတာကြောင့် ခေါ်သင့်မခေါ်သင့်တောင် မဆုံးဖြတ်‌နိုင်သေးခင်မှာပဲ ဖုန်းဝင်သွားခဲ့ပြီ။

တစ်ဖက်က အမေဖြစ်သူရဲ့ အသံကိုကြားလိုက်ရတဲ့ အချိန်မှာ ရိပေါ်ပိုလို့ငိုမိတာပါပဲ။

အသံမထွက်အောင် ကြိတ်ငိုရလွန်းလို့လည်း ပင်ပန်းနေပြီ။ မျက်ရည်တွေကလည်း မကုန်နိုင်မခမ်းနိုင်။ အဆက်မပြတ်ကိုစီးကျနေတော့တာပင်။

ရိပေါ်အမေက ရှိုက်သံတွေထွက်လာတာကြောင့် စိုးရိမ်ပြီး ရိပေါ်ကိုချော့ရှာတယ်။ 

သူတို့သားက သိပ်ကိုသန်မာပေမယ့် စိတ်ထဲမှာ ခံစားရ‌တာတွေများလွန်းလို့ထင်ပါရဲ့။ ကြိတ်ငိုနေပေမယ့် ရှိုက်သံ‌လေးတွေကြားနေရတာကြောင့် ရင်ထဲမချိ။ သားတစ်ယောက်သမီးတစ်ယောက်သာရှိတာမို့ ဒီကလေးနှစ်ယောက်ကို အပွန်းပဲ့မခံနိုင်လောက်အောင် ချစ်ရပါတယ်။

ရိပေါ်ကို ဖုန်းထဲကနေပဲချော့နေရင်းကနေ မြို့ပေါ်တက်ပြေးချင်စိတ်တောင် ပေါက်လာရတယ်။ သူ့သားလေး အားငယ်ဝမ်းနည်းနေတဲ့အချိန်မှာ သူကဘေးမှာရှိမနေနိုင်။ ရိပေါ်အဖေကလည်း သားဖြစ်သူကို စိတ်ပူလို့ မျက်နှာပျက်နေပြီ။ အငယ်မကတော့ သူ့အစ်ကိုငိုသံကြားကတည်းက လိုက်ငိုတော့တာပဲ။

ရိပေါ်လည်း အားရအောင်ငိုပြီးကာမှ တစ်ဖက်က ငိုသံကိုကြားနေရတာရော သူ့မိဘတွေစိတ်မကောင်းဖြစ်မှာ စိုးတာရောကြောင့်ပါ အငိုရပ်လိုက်တော့တယ်။ မိဘတွေက အဝေးရောက်နေလို့ စိတ်ပူပါတယ်ဆိုမှ သူကပိုပြီး စိတ်ပူအောင်လုပ်မိပြန်ပါပြီ။ အကြာကြီးမဆက်သွယ်ဘဲ ပစ်ထားပြီးကာမှ အလိုရှိမှ အိမ်ကိုဆက်သွယ်တဲ့ သားမိုက်အဖြစ် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်လို့မဆုံး။

Kiss Me QuickWhere stories live. Discover now