9

2.8K 281 26
                                    

"ရိပေါ် ရှောင်းကျန့်ကောက မင်းနဲ့တွေ့ချင်လို့တဲ့" ကျိုးချန်ရဲ့ စကားအဆုံး တဆက်တည်းကြားလိုက်ရတဲ့ "ကလေးလေး"ဆိုတဲ့ အသံကြောင့် တချိန်လုံးတင်းထားခဲ့ရတဲ့ ရိပေါ်က မျက်ရည်တွေစီးကျလာတော့တယ်။

"ကလေးလေးရယ်... ကိုကိုတောင်းပန်ပါတယ်။ ကိုကိုမှားခဲ့တယ်" ရှောင်းကျန့်က ရိပေါ်ထိုင်နေတဲ့ ကုတင်ဆီ အပြေးသွားလို့ ရိပေါ်ကို ထွေးပွေ့ကာ ချော့တယ်။ ရိပေါ်ကတော့ ရှောင်းကျန့်ရင်ခွင်ထဲက ရုန်းထွက်နေတုန်းပါပဲ...

"ကိုကိုတောင်းပန်ပါတယ်။ ကိုကိုတကယ်ကိုမှားခဲ့ပါတယ်။ ကိုယ့်ကိုခွင့်လွှတ်ပါကွာ" ရိပေါ်ကတော့ ရှောင်းကျန့်ကို ကျောပေးပြီးငိုနေတယ်။ နောက်ကရှောင်းကျန့်တစ်ယောက်မှာလည်း သူ့ကိုကျောပေးပြီး ငိုနေတဲ့ရိပေါ်ကြောင့် ခြေမကိုင်မိ၊လက်မကိုင်မိနဲ့...

"ကိုယ့်ကိုကြည့်ပါဦး ရိပေါ်ရယ်..." ဖြူဥဥခန္ဓာကိုယ်လေးကို သူ့ဘက်အသာဆွဲလှည့်တော့ ပုံ့ပုံ့လေးပါလာရှာတယ်။

"ကိုယ်ပြောမယ်နော်။ ကလေးလေးမှာ ကိုကိုနဲ့ရတဲ့ ရင်သွေးလေးလည်း ရှိနေပြီလေ။ ကိုကိုတို့လက်ထပ်ကြမယ်လေ နော်... ကိုကိုကတိပေးပါတယ်။ နောက်ထပ်မရှုပ်တော့ပါဘူး။ မနေ့ညကလည်း ကိုကိုအရမ်းမူးနေတော့ ကလေးလေးကိုမြင်ပြီး အဲ့အခြေနေထိရောက်သွားတာပါ။ ကိုကိုတောင်းပန်တယ်နော် နောက်ထပ်မဖြစ်စေရပါဘူး။ ကိုကိုတကယ် ကတိပေးပါတယ်ကွာ... ထပ်ပြီး အဲ့လိုဖြစ်စေခဲ့ရင် ကိုကို့တစ်ဘဝလုံးကံဆိုး..."

"တော်ပါတော့ ကိုကိုရယ်... ကျွန်တော့်ကို ရူးသွားစေချင်တာလား" ရိပေါ်ရဲ့ လက်လေးက ရှောင်းကျန့်နှုတ်ခမ်းဆီကပ်လို့ တားဆီးတယ်။ မျက်ရည်တွေဝိုင်းနေတဲ့ ရိပေါ်က ရှောင်းကျန့်ကို ရင်နှင့်အမျှချစ်တဲ့သူလည်းဖြစ်တယ်။

ရိပေါ် သူ့ကိုချစ်နေသေးတာ သိလိုက်ရတဲ့အတွက် ရှောင်းကျန့်မှာ ပျော်မိရတယ်။ သူ့ကိုစိတ်နာသွားလောက်ပြီထင်နေခဲ့တာ... ကလေးလေးက သူ့ကိုမုန်းသွားလောက်ပြီ ထင်နေခဲ့တာ...

သို့သော် ဆက်ပြောလာတဲ့စကားတွေကြောင့် ရှောင်းကျန့် ရင်တွေနာရတယ်။ ကလေးလေးက သူ့ကို စိတ်နာနေတယ်။

Kiss Me QuickUnde poveștirile trăiesc. Descoperă acum