12

1.8K 204 16
                                    

"အယ် ရိပေါ် နိုးနေတာကြာပြီလား"

ရေချိုးပြီးထွက်လာပုံရတဲ့ ကျန့်ကောက အဝတ်လည်းမကပ်ပါချေ။ bathrobe သာ ဝတ်ထားတာမို့ မြင်နေရတဲ့ ရင်ဘက်ဟောင်းလောင်းကိုကြည့်ပြီး ရိပေါ်တစ်ယောက် ပါးတွေပူလာတဲ့အထိ ရှက်လာမိရတယ်။

"ဟင် မျက်နှာနီနေတယ် နေများမကောင်းဘူးလား မှန်း..."

ကျန့်ကောက နေမကောင်းဘူးအထင်နဲ့ နဖူးကိုလာစမ်းတဲ့အခါမှာ ပိုပြီးနီးကပ်လာတဲ့ အကွာအဝေးကြောင့် ရိပေါ် ပိုပိုပြီးရှက်လာရတယ် ။ ကျန့်ကောကတော့ စိတ်တွေပူနေလေရဲ့ ။

"ကိုယ်လည်းမပူပါဘူး။ ဘာဖြစ်တာပါလိမ့်။ နေရတာ အဆင်ပြေရဲ့လား။ ကိုယ်ဆရာဝန်ခေါ်လိုက်မယ်"

"မ ခေါ် ... မခေါ်ပါနဲ့ ကျန့်ကောရဲ့။ ကျွန်တော် ဘာမှမဖြစ်ဘူး"

စေ့စေ့မကြည့်ရဲတာမို့ အကြည့်လွှဲကာ ပြောမိရတယ်။ ဘယ်လောက်ပဲ တစ်အိပ်ရာတည်းအတူတူအိပ်နေတဲ့ သူနှစ်ယောက်ဖြစ်နေပါစေ ရိပေါ်က ရှက်နေသေးတယ်။

"အာ... ကလေးလေးက ရှက်နေတာကိုး" ရှောင်းကျန့်က သဘောပေါက်သွားတဲ့အသံနဲ့ ပြီတီတီပြောလိုက်တော့ ရိပေါ်က ရှက်ရှက်နဲ့ အနီးကပ်ဆုံးရှိနေတဲ့ ဝမ်းဗိုက်မှာကပ်နေတဲ့ ကြွက်သားအမြှောင်းကြီးတွေကို ကိုက်ဆွဲပစ်လိုက်တော့တယ် ။ လူကို လာစနေတဲ့ ကျန့်ကော လူဆိုးကြီး!

"အ အာ... ကလေးရယ် ခွေးပေါက်လေးလား ဟမ်" နာအောင်ကိုက်နေတာကို တစ်ချက်လေးမရုန်းဘဲ ရိပေါ်ခေါင်းလေး‌ကို ခပ်ဖွဖွလေး ပွတ်သပ်ပေးလာတာကြောင့် ရိပေါ်ကြည်နူးလွန်းလို့ မျက်ရည်တွေပင် ဝဲလာတဲ့အထိ ခံစားချက်တွေပြင်းထန်လာရတယ် ။

"ကိုကိုး...."

"အော်... ကလေးရယ် ။ သူပဲ ကိုက်ပြီး သူပဲ ငိုနေပါရောလားကွ"

"နာသွားလားဟင် ။ ကျွန်တော်..." အင့်ခနဲအသံထွက်လာပြီး မျက်ရည်တွေပါ ပိုကျလာတာမို့ ရှောင်းကျန့်မှာ သဘောတကျရယ်မိရတော့တာပါပဲ ။ ဒီကလေးလေးက သူ့ကို အသည်းတယားယားနဲ့ ပို,ပိုချစ်အောင် ပြုစားနေပါတယ် ။

"ကိုယ့်ယောက်ျားလေး ကိုက်တာပဲကွာ။ နာလည်းရပါတယ် ။ အဲ့အစား ကိုယ့်ကို ပြန်နမ်းပေးလေ နော်"

Kiss Me QuickWhere stories live. Discover now