14

1.4K 171 5
                                    

ရှောင်းကျန့် ဒီနေ့ ဆောက်လုပ်ရေး  siteထဲ သွားကြည့်ရမှာမို့ ရိပေါ်မလိုက်သွားဖြစ်။ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရသည်။

သို့သော်လည်း ရှောင်းကျန့်က နာရီဝက်တစ်ခါလောက် ဖုန်းတွေခေါ်နေတာမို့ ပျင်းချိန်ကိုမရှိပါချေ။

Ring Ring...

"အင်း ကျန့်ကော"

"____"

"အင်း စားမှာ ထပ်မခေါ်‌နဲ့တော့လေ။ အလုပ်တွေရှုပ်နေတာကို။ ပြီးတော့ ကျွန်တော် ခဏအိပ်ဦးမယ်"

"____"

"အင်း... အဲ့တာဆို ဒါပဲလေနော်။ ပြန်လာမှတွေ့မယ်"

"____"

"စိတ်ချပါ"

"____"

"အင်း...ကျွန်တော်လည်း အများကြီးချစ်တယ်"

ကျန့်ကောဘက်က ဖုန်းစပြီး ချလေ့မရှိတာမို့ ရိပေါ်ကသာ အရင်ချရတယ်။ အသေးမွှာလေးကအစ ရိပေါ်ကို ဦးစားပေးလွန်းလို့ အချစ်တွေပိုရပြန်တာပါပဲ။

Ding Dong~~~

ဖုန်းချပြီး ရုပ်ရှင်ဆက်ကြည့်နေတုန်းမှာပဲ အိမ်တံခါးဝက bellမြည်လာတာမို့ screen ပေါ်ကနေ လှမ်းကြည့်လိုက်တော့ ရင်းနှီးနေတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

ရှိုးလီကော!

မိတ်ဆွေဟောင်းကို ပြန်တွေ့ရတာမို့ ရိပေါ်တစ်ယောက် ဝမ်းသာအားရနဲ့ပဲ တံခါးဖွင့်ပေးကာ ကြိုဆိုလိုက်တော့သည်။

ရှိုးလီကောက စာမေးပွဲတွေမဖြေခင်ကတည်းက ကျောင်းနားပြီး အင်္ဂလန်ကိုထွက်သွားတော့တာမို့ မတွေ့တာ နှစ်ဝက်နီးပါးလောက်ရှိနေပြီ။ အဆက်အသွယ်လည်း သိပ်မလုပ်ဖြစ်တာမို့ အခုလို ရုတ်တရက်ပြန်တွေ့လိုက်ရခြင်းက သိပ်ကိုဝမ်းသာစရာပင်။

"ရှိုးလီကော... မတွေ့တာကြာပြီဗျာ"

"ကိုယ် ဟိုမှာ မအားလို့ပါဗျာ။ ခင်ဗျားလေးရော အဆင်ပြေတယ်မလား"

ရှိုးလီကောက သူ့ရှေ့ကဆိုဖာမှာ ဝင်ထိုင်ရင်း ခပ်ပြုံးပြုံးနဲ့ပြောလာတယ်။ ရှိုးလီကောက အရင်လို ဖော်ရွေတုန်းပဲ။ အပြုံးတွေ ဖောဖောသီသီ သုံးတတ်တုန်းပဲ။

Kiss Me QuickWhere stories live. Discover now