8

2.4K 286 42
                                    

ကိုကိုက စနေ၊တနင်္ဂနွေတွေကိုတော့ သူ့ကိုပေးဖို့ပြောထားတာမို့ ဒီနေ့ကသောကြာနေ့ ဖြစ်နေပေမယ့်လည်း အရင်အစားထိုးဝင်ပေးထားတုန်းကရက်တွေအတွက် အားလပ်ရက်ပြန်ရတဲ့ ရိပေါ်က ဒီနေ့ကတည်းက ကိုကို့ဆီသွားပါမယ်။

ကိုကိုကပြောတယ်။ ဒီနေ့ ကိစ္စရှိလို့ ရိပေါ်ကိုလိုက်မပို့ပေးနိုင်ဘူးတဲ့။ စိတ်မချဖြစ်နေတဲ့ ကိုကို့ကို ရိပေါ် မနည်းကြီးကို ‌စိတ်ချအောင်ပြောပြီး ပြန်လွှတ်ရသေးတယ်ရယ်။ ပွဲတက်စရာရှိလို့ဆိုလား... အခုမှ ညဆယ်နာရီခွဲခန့်သာရှိသေးတာမို့ ကိုကိုကပြန်မရောက်လောက်သေးတာမို့ ရိပေါ်ကကြိုသွားနှင့်ပြီး တိတ်တိတ်လေးပုန်းနေမယ်။ ကိုကိုပြန်လာတဲ့အခါ ပျော်သွားအောင် surpriseလုပ်ပါမယ်။

ကိုကိုနဲ့အတူတူ တစ်နေကုန်အချိန်ဖြုန်းနိုင်ဖို့အရေး စားဖို့သောက်ဖို့အတွက် လမ်းကြုံ convenient storeမှာ ဝင်ဝယ်လိုက်တယ်။ ပြန်လာလို့ သူ့ကိုမြင်ရင်ဖြစ်သွားမယ့် ကိုကို့မျက်နှာကိုတွေးမိပြီး ရိပေါ်မျက်နှာလေးက ပြုံးစိစိနဲ့...

ချစ်ရသူနဲ့တွေ့ရတော့မှာမို့ စိတ်ထဲရွှင်လန်းနေပြီး ခြေလှမ်းတွေကလည်း တက်ကြွနေခဲ့တယ်။

ကိုကို့အခန်း‌ရှေ့ကိုရောက်တော့ ဆယ့်တစ်နာရီထိုးနေပြီ။ ကိုကိုများပြန်ရောက်နေလောက်ပြီလား?

အို ရောက်နေတော့လည်း ရောက်ပေါ့ ဘာပဲဖြစ်ဖြစ် သူ့ကိုတွေ့ရင် ကိုကိုကပျော်သွားမှာ!

ပျော်ရွှင်မှုတွေလွန်ကဲနေတဲ့ ရိပေါ်က passwordနှိပ်ကာ တံခါးဖွင့်လိုက်တယ်။

အခန်းဝမှာ မြင်လိုက်ရတဲ့ အမျိုးသမီးစီးဖိနပ်တစ်ရံက ရိပေါ်ကို လှောင်ပြောင်ပါတယ်။ မဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးကိုလက်ကိုင်ထားလို့ စိတ်တင်းပြီး အခန်းထဲဆက်ဝင်တဲ့အခါ ကြမ်းပြင်အနှံ့ပျံ့ကျဲနေတဲ့ အဝတ်တချို့က ရင်ဝကိုဆောင့်ကန်တယ်။

ကိုကိုရယ်... ရက်စက်တယ်...

တုန်ယင်နေတဲ့လက်အစုံကြောင့် လက်ထဲပါလာသမျှဟာ ကြမ်းပြင်ပေါ်လွတ်ကျတယ်။ ခပ်ဟဟဖြစ်နေတဲ့ ကိုကို့အခန်းထဲကို မကြည့်ခဲ့မိရင် သိပ်ကိုကောင်းမှာပါပဲ..

Kiss Me QuickWhere stories live. Discover now