2

2.9K 358 33
                                    

အတန်းထဲမှာ ခေါင်းမှောက်အိပ်နေတုန်း အတန်းဖော်တွေရဲ့ ကျွတ်စီကျွတ်စီအသံတွေကြောင့် ရိပေါ်နိုးလာရတယ်။ အိပ်တယ်ဆိုတာထက် ညတုန်းက အိပ်ရေးပျက်ထားတာမို့ ခဏမျက်လုံးအနားပေးတဲ့အနေနဲ့ မှိန်းနေရုံပဲ...

ရှောင်းကျန့် ရှောင်းကျန့်နဲ့ တိုးတိုး၊တိုးတိုးပြောနေကြသံတွေကိုပါ ကြားရတာမို့ ခေါင်းထောင်ကြည့်မိတော့ သူ့မျက်နှာရှေ့တည့်တည့်မှာ ပြုံးကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မှာ အထိတလန့်နဲ့ ခုံနောက်ပင်လန်ကျမိတဲ့အထိ...

"ဟော်... ကိုယ့်ကိုတွေ့တာ အဲ့လောက်တောင်ပျော်တယ်လား ရိပေါ်ရဲ့"

"ပါးစပ်ပိတ်!"

သူ့ရဲ့ ဂျစ်ကန်ကန်အပြောကို သဘောကျသလိုနဲ့ ရှောင်းကျန့်က တဟားဟားအော်ရယ်တယ်။ ခေါင်းမော့ကာ အားရပါးရရယ်နေပုံက ကြည့်ကောင်းလွန်းတာမို့ ဝမ်ရိပေါ်တစ်ယောက် ငေးခနဲပင်ဖြစ်သွားရတဲ့အထိ...

"သွားရည်တွေသုတ်ဦး ကလေးလေး"

ငေးကောင်းနေတုန်းပြောလိုက်တဲ့ ရှောင်းကျန့်စကားကြောင့် အယောင်ယောင်အမှားမှားနဲ့ ပါးစပ်ကိုလက်နဲ့သုတ်မိတော့ ဘာဆိုဘာမှ ရှိမနေ။

ဒီရှောင်းကျန့်ကတော့!!

စိတ်ပေါက်ပေါက်နဲ့ မျက်ထောင့်နီနဲ့ပိတ်ကြည့်ပေးလိုက်တော့လည်း အရယ်မပြတ်ဘဲ ခေါင်းမှောက်အိပ်ထားလို့ ရှုပ်ပွနေတဲ့ သူ့ဆံပင်တွေကို အသာပွတ်သပ်လာတာမို့ လက်နွေးနွေးရဲ့ အထိအတွေ့ကို သဘောကျမိသွားတဲ့သူက ခေါင်းလေးတိုးကာ ဇိမ်ယူတယ်။

"ခွေးပေါက်လေးလားကွာ..."

"အင်း... ကျန့်ကောရဲ့ ခွေးပေါက်လေး"
ဘာစိတ်ကူးပေါက်တယ်မသိ စားပွဲပေါ် မေးလေးတင်လို့ မျက်ပေတုံးလေးနဲ့ အောက်နှုတ်ခမ်းလေးရှေ့ထုတ် ပြောလာပုံလေးက အရမ်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတာမို့ ရှောင်းကျန့်မှာ လှုပ်ရှားမှုတွေရပ်သွားရတဲ့အထိကို ဖြစ်ရတယ်။

ဒီကောင်လေးက တကယ်ပဲ အဲ့လောက်ထိ ချစ်ဖို့ကောင်းနေမှဖြစ်မှာလား!

ရိပေါ်ဘေးက ကျိုးချန်ကတော့ နှစ်ယောက်လုံးကို စိတ်ပျက်လက်ပျက်နဲ့ပဲ ထိုင်ကြည့်နေရတယ်။

Kiss Me QuickUnde poveștirile trăiesc. Descoperă acum