23

1.4K 175 12
                                    

About 2 weeks later,

ရှောင်းကျန့် ကဖေးတစ်ခုမှာ ရောက်နေတယ်။ ချောင်လီယွင်နဲ့ ညှိနှိုင်းဖို့အတွက် သူ့ဘက်ကပဲ စပြီး ချိန်းဆိထားခြင်း။

"ဆောရီး ကို ယွင်နည်းနည်းနောက်ကျသွားတယ်"

ရှောင်းကျန့်စိတ်ထဲ ထိုအခေါ်အဝေါ်‌ကြောင့် တင်းခနဲဖြစ်သွားရတယ်။ ကြည့်ရတာ သူတော်တော်ညှိယူရမယ့်ပုံ။

"ကို ချိန်းတော့ ယွင် စိတ်တွေလှုပ်ရှားနေတာနဲ့"

"ငါချိန်းရတဲ့ အကြောင်းရင်းကို ခန့်မှန်းမိမယ် ထင်ပ်တယ်"

"ကလေးမြန်မြန်ယူကြဖို့လား ကို? ယွင်က အဆင်သင့်ပဲလေ"

ချောင်လီယွင်က တမင်ခနဲ့တယ်။ ရင့်ရင့်သီးသီးနဲ့ ပြောလာတာမို့ တမင်ကို ကလိပေးလိုက်ခြင်း။ သူမသိတယ်။ ရှောင်းကျန့်က သူမနဲ့ညှိပြီး လိမ်ညာဖို့ကို။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ သူမဘက်က နည်းနည်းလေးတောင် လိမ်ညာချင်စိတ် ဖြစ်မနေဘူး။

"ငါမင်းနဲ့ ကလေးမယူနိုင်ဘူး မစ္စချောင်"

"ယွင်နဲ့တစ်ခါပဲအတူနေလိုက်ရင်တောင် ကလေးတန်းရမှာပါ။ ကိုအဲ့လောက်တောင် ဝန်လေးနေသလား"

"မင်းက ဝမ်ရိပေါ်မှမဟုတ်ဘဲ။ အိပ်ဖို့မပြောနဲ့ ငါ့ဘက်က စကားတောင်ပြောချင်စိတ် ရှိမနေဘူး"

ထိုအမျိုးသမီးက သူ့ဘက်က ဘယ်လောက်ပဲ လိုက်လျောပြီး ဆက်ဆံနေပါစေ အဆင်မပြေနိုင်ဘူးဆိုတာ သိလိုက်ပြီးနောက်မှာတော့ ရှောင်းကျန့် လုပ်ယူထားတဲ့ စကားလှလှလေးတွေကို သုံးမနေတော့။ နစ်နစ်နာနာသာ ပြောချင်တော့သည်။

သူတောင် ကိုယ်တွေဘဝကို နစ်နာအောင် ကူပေးနေသေးတာပဲ။ ကိုယ့်ဘက်က ဒီလောက်လေး တုန့်ပြန်တာတော့ တန်ပါတယ်။ ခံစားနေလိုက် ချောင်လီယွင်

ငါ့ကလေးကို ခံစားရအောင်လုပ်တဲ့ မင်း လက်မလျှော့မချင်း စိတ်မချမ်းသာစေရဖို့ ငါကျိန်ဆိုတယ်။

"ဟုတ်ပြီ မင်းဘက်က သဘောထားကို သိလိုက်ရပြီမလို့ ငါ့ဘက်ကလည်း အားနာမနေတော့ဘူးဆိုတာ သိထားလိုက်ပါ။ ဒါဆို ပြန်လိုက်ပါဦးမယ်"

Kiss Me QuickWhere stories live. Discover now