22

1.4K 178 32
                                    

I will update again🙆

ကိုကိုက ရှောင်းအိမ်တော်ကို သွားတာမို့ ရိပေါ် ထိုင်စောင့်နေမိတယ်။ သားသားကိုလည်း သိပ်ပြီးပြီဆိုတော့ အိမ်မှာရိပေါ်တစ်ယောက်တည်း။ TV channel တစ်ခုပြီးတစ်ခု ပြောင်းကြည့်နေရင်း စောင့်နေတာ အချိန်တောင်တော်တော်လင့်နေပြီ။

ခါတိုင်း ဒီလောက်ထိ နောက်မကျခဲ့ဖူးတာမို့ ရိပေါ် စိတ်လေးတော့ ပူစပြုလာတယ်။

ဖုန်းဆက်ကြည့်ဖို့ ဖုန်းလေးကို ကောက်ကိုင်လိုက် မဆက်ဖြစ်လိုက်နဲ့ လွန်ဆွဲနေရင်း နာရီဝက်လောက်ထပ်ပြီး ကုန်သွားရပြန်တယ်။ နာရီကြည့်မိတော့ ၁၁နာရီကျော်နေပြီ။

ညနက်နေပြီမို့ ရိပေါ် သားသားကိုတစ်ချက်သွားကြည့်လိုက်ပြီးကာမှ ခြံထဲဆင်းခဲ့လိုက်တယ်။

ဟိုလျှောက် သည်လျှောက်နဲ့ လျှောက်နေတုန်းမှာပဲ ခြံရှေ့က ကားဟွန်းတီးလိုက်တာမို့ ရိပေါ် တအံ့တဩနဲ့ပဲ ပြေးပြီး တံခါးဖွင့်ပေးရတယ်။ ကိုကိုက ခါတိုင်းလည်း သူ့ဟာသူပဲ တံခါးအဖွင့်အပိတ်လုပ်နေကျရယ် အခုမှ ဘာဖြစ်လို့ပါလိမ့်။

ခြံထဲဝင်လာတဲ့ကားနောက်လိုက်လာတဲ့ ရိပေါ်က ခြံတံခါးပိတ်ဖို့ပင်သတိမရ။

ကားထဲက ကောင်လေးတစ်ယောက် ထွက်လာကာ ရိပေါ်ကို အရိုအသေပေးတာမို့ ရိပေါ်လည်း အူကြောင်ကြောင်လေးနဲ့။

"ဒီအိမ်က အစ်ကိုက မူးနေလို့ ကားမမောင်းနိုင်လို့ပါဗျ။ ကျွန်တော်တို့ မန်နေဂျာက ကျွန်တော့်ကို လိုက်ပို့ခိုင်းလို့ပါ"

‌ထိုကောင်လေးက ရိပေါ်ကို ကူသယ်ပေးဖို့လို‌လျှင် သူကူပေးမယ့်အကြောင်းပြောပေမယ့်လို့ ညဉ့်နက်နေပြီမို့ အားနာတာကြောင့် ငြင်းလိုက်တော့တယ်။ ကောင်လေးက သူပြန်သွားတဲ့အခါ တံခါးပါသေချာပြန်ပိတ်သွားသေးတာမို့ ရိပေါ် လိုက်ပိတ်စရာမလိုတော့။

မူးနေတဲ့ ကိုကို့ကို ဘေးကနေတွဲပြီး အိမ်ထဲဝင်ရတယ်။

အခန်းထဲထိ မနည်းသယ်ပြီးတဲ့အချိန်မှာတော့ ကံကောင်းစွာပဲ အောင်မြင်စွာ ကုတင်ပေါ်တင်လိုက်နိုင်ခဲ့ပြီ။ ရိပေါ်လည်း ချွေးတွေပင်စို့နေပြီ။

Kiss Me QuickWhere stories live. Discover now