25

2.1K 204 15
                                    

"ဟူးးး မတွေ့တာကြာတော့ စိတ်လှုပ်ရှားနေတယ် ကိုကိုရယ်။ မားတို့က လက်မခံရင် ဘယ်လိုလုပ်မလဲဟင်"

ရိပေါ်စိတ်ပူနေတာကို သိတဲ့ရှောင်းကျန့်က စိတ်သက်သာလိုသက်သာငြား ရိပေါ်ရဲ့ ခေါင်းလေးကိုပုတ်ပြီးချော့ပေးတယ်။ သူလည်း တကယ်ဆို စိတ်လှုပ်ရှားနေပေမယ့် သူကသာ ကြောက်ပြနေရင် ရိပေါ်အားငယ်နေမှာစိုး၍ စိတ်ငြိမ်အောင်ကြိုးစားနေရခြင်း။ ရိပေါ်ကတော့ ကလေးပဲ ကြောက်ပါစေ။ သူချော့မှာပေါ့။

"ကိုကိုရော စိတ်မလှုပ်ရှာဘူးလားဟင်"

ရိပေါ်က မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကြည့်ပြီး မေးလာတဲ့အခါ ဘာလုပ်လုပ်ချစ်နေတဲ့ ရှောင်းကျန့်ကတော့ နဖူးလေးကိုဖွဖွနမ်းလို့ အားပေးရတာပါပဲ။

"ကလေး မိဘတွေက ကိုယ့်ကို လက်ခံမှာပါ။ အရမ်းစိတ်မပူနဲ့နော်။ သားသားလည်းရှိနေတာပဲ"

ရှောင်းကျန့်ပြောကာမှ နောက်ခန်းထဲက ကလေးထိုင်ခုံလေးမှာ ထိုင်နေတဲ့သားသားကို လှည့်ကြည့်လိုက်တော့ သားသားက သွားတွေလည်းမရှိဘဲ ရယ်ပြနေသေးတယ်။ ဟားဟား ချစ်စရာလေး။

"ကိုကိုရယ် သားသားက သွားလည်းမရှိဘူး"

ရိပေါ်အာရုံလွှဲသွားပြီမို့ ရှောင်းကျန့် ကျေနပ်သွားရတယ်။ ရိပေါ်ကအဲ့လိုပဲ ကလေးလေးလိုပဲ တကယ်။

"ကလေးရယ် သားသားက အခုမှ ၅လသားလေ။ နို့တွေအရမ်းသောက်လို့သာ ထွားနေတာ သွားတော့ မပေါက်သေးဘူးပေါ့။ ကိုယ့်သားကို ရယ်နေတယ်ပေါ့လေ"

"ချစ်လို့ပါ ကိုကိုရဲ့ ဟီးဟီး"

ရိပေါ်က ရှေ့ကနေထိုင်ပြီး သူ့သားကို အူတွေယားနေတာ သိသာတယ်။ နောက်ကို တလှည့်လှည့်နဲ့ ကြည့်နေပြီး ကားမောင်းနေတဲ့ ရှောင်းကျန့်မပျင်းရလေအောင် ကိုကိုရယ် သားသားကဘယ်လို ဘာညာနဲ့ စကားတွေလည်းပြောပေးနေသေးတာ။

ရှောင်းကျန့် ရှောင်းအိမ်တော်နဲ့ ရေစက်ဖြတ်ပြီး ‌၃လအကြာမှာ နယ်မြို့က ရိပေါ်မိသားစုနဲ့ တွေ့ဖို့ထွက်လာဖြစ်ခဲ့တယ်။ ရှောင်းကျန့်အဖေကတော့ ရှောင်းကျန့်ကို အမြဲတမ်း ဖုန်းဆက်၊ အဆက်အသွယ်လုပ်နေပြီး လိုတာရှိရင်လည်း ပြောဖို့၊ အားမနာဖို့ တစ်ချိန်လုံး ဆော်ဩနေတတ်တယ်။

Kiss Me QuickWhere stories live. Discover now