15

1.3K 161 15
                                    

"အင်း ကိုကိုရဲ့ စိတ်ချပါ။ ဒီမှာ အကုန်အဆင်ပြေနေတာ"

"___"

တစ်ဖက်ကပြန်ပြောလိုက်တဲ့ စကားကြောင့် ရိပေါ်တစ်ယောက် ရှောင်းကျန့်မသိအောင် သက်ပြင်းခိုးရှိုက်လိုက်မိသည်။

"အင်းပါ ကိုကိုရယ်။ စိတ်မပူပါနဲ့ ကိုကို့အမေ နေကောင်းသွားမှ ပြန်လာခဲ့လေ"

"___"

"အင်း အင်း ဒါပဲနော်"

ကိုကိုစိတ်မကောင်းဖြစ်မှာစိုးလို့သာ ထိန်းထားရတယ် တကယ်ဆို ရိပေါ်ငိုချင်နေပြီ။ နှစ်ရက်၊သုံးရက်သာ ကြာမယ်ထင်နေခဲ့တဲ့ ခွဲခွာချိန်က အခုဆို တစ်ပတ်ကျော်နေပြီဖြစ်ပြီး ကိုကိုကပြန်မလာနိုင်သေး။ ကျန်းမာရေးကိစ္စနဲ့ပက်သက်နေတာမို့ အပြစ်ရယ်တော့ မတင်ချင်ပေမယ့်လို့ ရိပေါ်ဘက်က လွမ်းဆွတ်ပိုင်ခွင့်တော့ရှိသည်ထင်။

တစ်ပတ်ကျော်... ကိုကိုမရှိဘဲ နေနေခဲ့ရတာ တစ်ပတ်ကျော်လာပါပြီ။ အရမ်းကိုလွမ်းနေမိပြီး ဘာဆိုဘာမှကို မလုပ်ချင်၊မကိုင်ချင်နှင့်။ ရင်ခွင်ထဲတိုးပြီးသာ နေနေချင်တော့တာ။

တစ်ဖက်ကလည်း အမေဖြစ်သူ၏ ကျန်းမာရေးမို့ ရှောင်းကျန့်ကို ဗျာမများစေလိုပါ။ အလွမ်းဒဏ်ကို အံတင်းခံရင်း ရိပေါ်အိပ်မပျော်တဲ့ ညတွေလည်း များလှပြီ။ ဘုရားသခင် ကိုကို့အမေကို အမြန်နေပြန်ကောင်းအောင် ဆောင်မပေးတော်မူပါ။ ကျွန်တော်တကယ် လွမ်းလှပြီ။

ကိုကိုလည်းမရှိတာမို့ ကျလာတဲ့ မျက်ရည်တွေကို မသုတ်ဖြစ်တော့ဘဲ အားရအောင်ကို ရှိုက်ငိုပစ်လိုက်တော့သည်။ ငိုတော့ငိုပါရစေ ကိုကိုရယ်။ ဒီလိုမှမဟုတ်ရင် ရူးတော့မှာ။

အခန်းထဲ တစ်ယောက်တည်း ထိုင်ငိုနေတဲ့ ကောင်လေးအကြောင်းကို တစ်ဖက်လူကတော့မသိနိုင်။ အမေ့စိတ်တိုင်းကျ နေပေးနေရသည်။ ကျသွားတဲ့လက်ထဲက ဖုန်းလေးကိုကြည့်ရင်း သက်ပြင်းချမိရသည်အထိ ရှောင်းကျန့်စိတ်တွေမချမ်းသာ။ ကလေးဝမ်းနည်းနေတော့မည်...

လွမ်းလိုက်ရတာ ရိပေါ်ရယ်။

_

ရိပေါ်တစ်ယောက် supermarket တစ်ခုကို ရောက်နေတာဖြစ်သည်။ အိမ်ထဲပဲနေနေချင်ပေမယ့်လို့ ရှိတဲ့အစားအသောက်တွေကလည်း ကုန်သွားပြီဖြစ်သလို ရိပေါ်စားတတ်တဲ့ snackလေးတွေလည်း ကုန်နေပြီမို့ ထွက်လာခဲ့လိုက်ခြင်း။

Kiss Me QuickWhere stories live. Discover now