17

1.1K 163 5
                                    

ကိုယ်ဝန်က ၆လကျော်လာပြီမို့ ရိပေါ်မှာ အထိုင်အထတွေသိပ်မလွယ်တော့။ ပုံမှန်ထက်ပိုပြီးပူနေတဲ့ ဗိုက်ကြောင့် အမွှာလို့တောင် ကိုကိုက,စနေသေးတာ။ ရိပေါ်လည်း သံသယတော့ရှိနေပေမယ့် သေချာတော့ သွားမစစ်ဆေးရသေး။

ညကလည်း ခြေတွေလက်တွေ ကိုက်ခဲနေတာမို့ တော်တော်နဲ့အိပ်မပျော်။ ကိုကိုကဘေးကနေ တစ်ချိန်လုံး နှိပ်ပေးနေခဲ့တာ။ မှေးခနဲဖြစ်သွားတုန်း အသံခပ်တိုးတိုးကို ကြားလိုက်ရတာမို့ မျက်စိဖွင့်ကြည့်လိုက်တော့ ကိုကို။

သူနိုးမှာစိုးလို့ထင်ပါရဲ့။ အသံတိုးတိုးလေးနဲ့ ဖုန်းပြောနေတာ။ ဝရံတာဘက်ထွက်ပြောဖို့ကျတော့လည်း ရိပေါ်နိုးလာရင် အထိုင်အထခက်မှာစိုးလို့ထင်ပါရဲ့ ကုတင်နားမှာပဲ ထိုင်ရင်း တစ်ဖက်လှည့်ကာ တိုးတိုးလေးပြောနေတာမို့ ရိပေါ်ပြုံးမိရသေး။ ကိုကိုက တကယ်သူ့အတွက် အရမ်းတွေးပေးတာ။

တစ်ဖက်က ကိုကို့မိသားစုထင်ပါရဲ့။ ညကြီးမိုးချုပ်ကျမှ ဘာများဖြစ်လို့ပါလိမ့်။ ဒီလိုအချိန်ကြီး တစ်ခါမှ မဆက်ဖူးတာမို့ ရိပေါ်လည်း နည်းနည်းတော့ လန့်နေမိတယ်။ ဘာမှမဖြစ်စေဖို့ပဲ ဆုတောင်းရတာပါပဲ။

ကိုကိုနဲ့မခွဲနိုင်လို့ဆိုတာထက် ကိုကိုစိတ်ဆင်းရဲမှာကို မလိုလား။ ရိပေါ်က ကိုကို့ကိုပျော်ပဲပျော်စေချင်တာ။

ကိုကို့အသံတိုးတိုးကို နားထောင်နေရင်းနဲ့ပဲ ရိပေါ်တစ်ယောက် ချော့သိပ်ခံလိုက်ရသလို ပြန်အိပ်ပျော်သွားပါတော့တယ်။

ခဏအကြာ တစ်ဖက်ကဖုန်းချသွားတဲ့အချိန်မှာတော့ ရှောင်းကျန့်မှာ သက်ပြင်းတချချနဲ့ကျန်ခဲ့ရတယ်။

အိပ်ပျော်နေတဲ့ရိပေါ်လေးကို စောင်သေချာခြုံပေးလိုက်ရင်း နဖူးပေါ်ကဆံပင်လေးတွေ သပ်တင်ပေးကာ အနမ်းဖွဖွချွေမိရတယ်။

ကိုယ့်မေတ္တာတွေနဲ့ နွေးထွေးပါစေ အချစ်ရေ ။

_

ရိပေါ် ကိုယ်ဝန် ၇လထဲရောက်ပြီ။

အစစအရာရာ လိုက်လုပ်ပေးနေတဲ့ ရှောင်းကျန့်ကို ရိပေါ်ကျေးဇူးတွေအများကြီး တင်မိပေမယ့်လို့ စိတ်ထဲမှာလည်း အခုတလော ရှောင်းကျန့်တစ်ယောက် စိတ်အခြေနေသိပ်မကောင်းသလို။

Kiss Me QuickWhere stories live. Discover now