3

2.9K 334 32
                                    

🚫 Warning 🚫

"ဝမ်အာ ဟိုမှာ မင်းလင်!"

"ဟင်... ရှောင်းကျန့်ကောက ဘေးမှာ ကောင်မလေးတစ်ယောက်နဲ့ပါလား"

မင်းလင်ဆိုတုန်းက လှည့်မကြည့်ခဲ့တဲ့ ရိပေါ်က ကောင်မလေးနဲ့ဆိုတဲ့ စကားကိုကြားတော့ နောက်ကိုလှည့်ကြည့်မိတယ်။

တကယ်ကိုပဲ ကျန့်ကောက ကောင်မလေးတစ်ယောက်နဲ့အတူရှိနေတာမို့ ဝမ်ရိပေါ်မှာ သက်ပြင်းလေး မသိမသာချမိရတယ်။

ရုတ်တရက်ကြီး ရင်ဘက်ထဲက အောင့်လာသလို...

သူ့နားပဲ အမြဲတမ်းကပ်နေတတ်တဲ့ရှောင်းကျန့်က သူရှိရာနေရာကို ရောက်မလာတာကြောင့် ရိပေါ် စိတ်မကောင်းဖြစ်ရတယ်။

ဘာလို့ စိတ်မကောင်းဖြစ်ရသလဲဆိုတဲ့ အဖြေကိုတော့ မသိချင်... ဒီတိုင်း ဦးစားပေးခံနေကျ ကလေးတစ်ယောက်က သူ့ထက်တခြားသူကို ပိုပြီး အလေးပေးနေတာတွေ့တဲ့အခါ ဖြစ်လာတတ်တဲ့ ခံစားမှုမျိုးပဲလို့သာ မှတ်ယူတယ်။

တကယ်ကို အရေးမပါတဲ့ ခံစားချက်တွေပဲမို့ ထိုမိန်းကလေးနဲ့ကျန့်ကောကို အကြည့်လွှဲလိုက်ပြီး ကြည့်လက်စ,စာအုပ်ကိုသာ ပြန်ကြည့်နေလိုက်တော့တယ်။ စာဖတ်ရင်းစားနေတဲ့ အစားကလည်း ရုတ်တရက်ကြီး အရသာမရှိတော့တာမို့ ထပ်စားဖို့လည်း စိတ်မကူးတော့ဘဲ ဇွန်းကိုချလို့ လွင့်ချင်နေတဲ့စိတ်အာရုံကို အတင်းစုစည်းပြီး ဖတ်လက်စ,သင်ခန်းစာဆီကို အကြည့်ပို့ထားရတယ်။

ညနေကနေ ညအထိအလုပ်တွေလုပ်ရတာမို့ သူ့အတွက် စာကြည့်ချိန်က ဒီလို အားလပ်ချိန်တွေပဲဖြစ်တယ်။ စာမှစာဖြစ်နေတဲ့သူတော့မဟုတ်ပေမယ့်လို့ လုပ်ဖို့လိုအပ်လာရင်တော့လုပ်တတ်သူမျိုး...

ဥပမာ အခုလို မနက်ဖြန် ကျူတိုရီရယ်ဖြေရမယ့်နေ့လိုမျိုးပေါ့...

"ဝမ်အာ မင်းလင် ဒီကိုလာနေပြီ"

"ဘယ်သူမှငါ့လင်မဟုတ်ဘူး!" နဂိုစိတ်အခံက မကြည်မလင်ကိုမှ ဝမ်ကျိုးချန်ရဲ့ ဓာတ်ဆီအလောင်းကောင်းမှုကြောင့် ဝုန်းခနဲ ထ,ရပ်ကာ စာအုပ်ဆွဲလို့ ထ,ထွက်လာလိုက်တော့တယ်။

အအော်ခံရတဲ့ ဝမ်ကျိုးချန်ကတော့ ကြောင်တောင်တောင်လေးနဲ့ ကျန်နေခဲ့ရှာတယ်။ ခါတိုင်းလည်း စ,နေကျမို့ ဘာလို့ စိတ်တွေတိုနေတာလဲဆိုတာကိုလည်း အသည်းအသန်စဉ်းစားနေပါသေးတယ်။

Kiss Me QuickWhere stories live. Discover now