24

1.5K 187 14
                                    

ရှောင်းကျန့်အဖေရဲ့စကားကြောင့် ရှောင်းကတော်က ဟန်ဆောင်နေတာတွေကို ရပ်လိုက်ပြီး မတ်မတ်ပြင်ထိုင်တယ်။

ပြီးတော့ မျက်နှာထားခပ်မာမာနဲ့ ရှောင်းကျန့်ကို ကြည့်လာတယ်။ ရှောင်းကျန့်ကတော့ မျက်ရည်တွေဝဲပြီး သူ့အမေကို ခပ်ပြုံးပြုံးလေးကြည့်နေခဲ့ပါတယ်။

"သိသွားတော့လည်း ငါမပင်ပန်းတော့ဘူးပေါ့။ ငါလည်း ဒီလိုတွေဟန်ဆောင်နေရတာ စိတ်ရှုပ်နေတာနဲ့ အတော်ပဲ။ အေး ဒါပေမယ့် ငါ့သဘောထားကတော့ လုံးဝပြောင်းလဲမှာမဟုတ်တာမလို့ မင်း အထွန့်တက်ခွင့်မရှိဘူးရှောင်းကျန့်"

ရှောင်းပါးပါးက သူ့မိန်းမကိုကြည့်ပြီး ဘယ်နှကြိမ်မြောက်မှန်း မသိတော့တဲ့ သက်ပြင်းတစ်ခုကို ခပ်နက်နက်ချတယ်။ တကယ်ကို ဒီမိန်းမက ကြောင်းကျိုးဆင်ခြင်မှုမရှိတော့ဘူး။ မျက်စိအမှောင်‌ဖုံးနေပြီး သားတစ်ယောက်လုံးကို ဆုံးရှုံးရတော့မှာကို မမြင်။

"ဒါဆိုရင်..."

ရှောင်းကျန့်က အတန်ကြာ တိတ်ဆိတ်နေပြီးမှ စကားစလာတယ်။ သူ့အမေရဲ့အတ္တတွေလျှော့ပြီး သူ့ဘက်ကိုကြည့်ပေးလာဖို့ကို နောက်ဆုံးချိန်ထိမျှော်လင့်ခဲ့မိတာ။

သူပဲ မိုက်မဲနေခဲ့တာပါပဲ။

ရှောင်းကျန့် အသက်ဝဝရှူလို့ ပြောထွက်လာမယ့် စကားတွေအတွက်ပြင်ဆင်လိုက်ရတယ်။

ကျွန်တော့်ကို ဒီ‌အခြေနေထိရောက်လာအောင် မားကိုယ်တိုင်ပဲ တွန်းပို့ခဲ့တာပါ။

"ဒါဆိုရင် ကျွန်တော်က စိတ်မကောင်းစွာနဲ့ပဲ ဒီရှောင်းအိမ်တော်ရဲ့ အမွေဆက်ခံသူ ရှောင်းကျန့်အဖြစ်ကနေ နှုတ်ထွက်ပါတယ်။ ကျွန်တော် ရှောင်းကျန့်က ဒီနေ့ကနေစပြီး ရှောင်းအိမ်တော်နဲ့ ဘာမှသက်ဆိုင်မှုမရှိတော့ပါဘူး"

"သား... ရှောင်းကျန့်"

ရှောင်းပါပါးက ယူကျုံးမရစွာနဲ့ သူ့သားကို တားဖို့ပြင်တယ်။ သို့သော် တည်ကြည်လွန်းတဲ့ ရှောင်းကျန့် မျက်နှာထားအရ တားဖို့မဖြစ်နိုင်တော့ဘူးဆိုတာ သူသေချာသိလိုက်ပြီ။

"မင်းကြောင့်! ဒါတွေအားလုံး မင်းကြောင့်ပဲ! မင်းလိုမိန်းမ မင်းအတ္တတစ်ခုပဲ သိတဲ့မိန်းမမျိုး! မင်းကြောင့်သားက တစ်ချိန်လုံး မပျော်မရွှင်ဖြစ်နေခဲ့ရတာ! မင်းကြောင့် ငါ့သားလေးက..."

Kiss Me QuickWhere stories live. Discover now