16

1.3K 171 6
                                    

ရှောင်းကျန့် အခန်းထဲဝင်လာတော့ ကုတင်ပေါ်လှဲနေသော ကောင်လေးကို တွေ့ရသည်။ မနေ့ကတည်းက စိတ်အခန့်မသင့်မှုကြောင့် ဖြစ်ခဲ့ရတဲ့ ကတောက်ကဆလေးတစ်ခုက သူနဲ့ရိပေါ်ကို ဒီလိုဝေးကွာစေသည်တဲ့။ ရှောင်းကျန့်ပို၍ ဆင်ခြင်ရတော့မှာပင်။

ကုတင်ပေါ် ဘေးစောင်းလေးလှဲနေတဲ့ ထိုကောင်လေးက မျက်ရည်တွေကျနေပြီး အင်္ကျီလက်နဲ့ဆွဲဆွဲသုတ်နေသေးတာမို့ ရှောင်းကျန့်စိတ်မကောင်း။

သူပိုပြီး စိတ်ထိန်းခဲ့ရမှာ။ ဘာမဟုတ်တဲ့ သဝန်တိုစိတ်ကြောင့် ချစ်ရတဲ့ဝမ်ရိပေါ်လေး ပင်ပန်းနေပြီပင်။

ရှောင်းကျန့်တစ်ယောက် ရိပေါ်နောက်လေးကနေ ဝင်လှဲလိုက်ရင်း တစ်ချက်တစ်ချက် တုန်တုန်သွားတဲ့ ကိုယ်လေးကို နောက်ကနေ အသင့်ဆွဲဖက်လိုက်တော့ ထိုကောင်လေးက လက်တွေကိုရိုက်ချသည်။

ချစ်ရသူရဲ့ ငြင်းဆန်မှုက ဒီလောက်ထိ နာကျင်စေမယ်မှန်းသာ ကြိုသိခဲ့မယ်ဆိုရင် မနေ့က ရိပေါ်‌ဖက်လာတုန်းက ရှောင်းကျန့်ဖယ်ချဖြစ်ခဲ့မှာမဟုတ်။

မှားမှားမှန်မှန် ကိုယ့်အပြစ်တွေပါပဲ။ မင်းကို အပြစ်မတင်ရက်ပါဘူး။

ဖယ်ချနေတဲ့လက်‌ကလေးတွေကို အပေါ်က သေချာဆုပ်ကိုင်လိုက်ရင်း တိုးဖက်မိတော့ ငြိမ်ကျသွားသည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အခြေနေဖြစ်နေတာလည်း တစ်ခုတော့ကောင်းတာပါပဲ။ ရှောင်းကျန့်ဖက်တာကို အရမ်းရုန်း၍မရတော့။

"လာမထိနဲ့!"

အသံခပ်မာမာလေး ထွက်လာမှ သက်ပြင်းကြိတ်ချမိရသည့်အဖြစ်။ စိတ်တိုပါ။ စိတ်ကောက်ပါ။ ကြိုက်သလောက်ဆိုးပါ။ မင်းဆိုးသမျှကိုယ်ခံမှာမို့ စိတ်တော့မနာလိုက်ပါနဲ့အချစ်ရယ် ။

"ကိုယ်တောင်းပန်ပါတယ်။ မင်းကို အော်မိတာ။ ကိုယ်မှားပါတယ် နော်"

တစ်ဖက်က ဘာအသံမှထွက်မလာဘဲ ရှိုက်သံတွေသာ တိုးလို့ထွက်လာတာမို့ ရှောင်းကျန့်ကိုယ်တိုင်လည်း မျက်ရည်လည်နေပြီ။

အထိအခိုက်မခံနိုင်လောက်အောင် ချစ်မိသူအပေါ်မှာမှ ကိုယ်တိုင် စိတ်ထိခိုက်စေမိခြင်းဆိုတဲ့အတွေးက ရှောင်းကျန့်ရင်ကို ဆူးတွေနဲ့မွှေနေသလို ခံစားရစေသည်။

Kiss Me QuickWhere stories live. Discover now